ရှမ်းပြည်နယ်ဝန်ကြီးချုပ်`ဝ´ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမြို့နယ် COVID-19ကော်မတီ၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
ဟိုပန် စက်တင်ဘာ-၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)`ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မြို့နယ်COVID-19ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် စက်တင်ဘာ(၂၃)ရက် နံနက်(၁၀)နာရီခွဲက `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးရုံးခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တွေ့ဆုံကြောင်းသိရသည်။
`ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦး အဲလီရှဲမှ မဲဆန္ဒရှင် စာရင်းများ၊ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး၊ မြို့နယ်Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးမင်းကျော်သူမှCovid-19 ကူးစက်မြန် ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့် လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့်စစ်ဆေးမှုအခြေအနေတို့ကိုရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ ဟိုပန်မြို့နယ်Covid-19ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask(၂၅၀၀)ခု ပေးအပ်ရာမြို့နယ် Covid-19ကော်မတီဥက္ကဋ္ဌ ဦးမင်းသူမှလက်ခံရယူပြီး Covid-19ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းရှိ ဘိုး/ဘွား(၆၂)ဦးအတွက်ဗမာတိုင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ရာခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက်မှလက်ခံရယူကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး သံလွင်မြစ်ကူးကွမ်းလုံ တံတားနှင့်လျာထားကွမ်းလုံမြို့ရှောင်လမ်း ဖောက်လုပ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်တံတားစတင်တည် ဆောက်ဆောင်ရွက် နေမှုအားကြည့် ရှုကာလိုအပ်သည့်များဖြည့်စွက်မှာ ကြားခဲ့ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943