We have 63 guests and no members online

တောင်ကြီး             စက်တင်ဘာ    -   ၁၁

new 132

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး၏အထက် ရေမိုင် (၃၀)ခန့်အကွာ ချောင်းမကြီး(နမ့်ပဲ့ချောင်း)အတွင်း၌ စက်ယန္တရားကြီးများဖြင့် တရားမဝင် ‌ရွှေသတ္တု တူးဖော် နေမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချောင်းမကြီး( နမ့်ပဲ့ချောင်း )အတွင်း စက်ယန္တရားကြီးများဖြင့် ‌ရွှေသတ္တု တူးဖော်နေမှုကြောင့် နုန်းနှင့် အနည်အနှစ်များ များစွာပါဝင်သည့် ရေနီများ ဆည်တော်ကြီးဆည်အတွင်း အဆက်မပြတ် စီးဝင်လျက်ရှိသည့်အတွက် ဆည်၏ ကြမ်းပြင် မြင့်တက်ကာ ဆည်၏ ခံနိုင်အား စိုးရိမ်စရာ ဖြစ်နေခြင်း၊ ရေသိုလှောင်မှု ကျဆင်းစေနိုင်ခြင်း၊ ဆည်အောက်နေ ပြည်သူများနှင့် ဆည်ရေသောက်သူများ၏ လူမှုဘဝများစွာကို ထိခိုက်စေနိုင်သည့်အတွက် ရွှေသတ္တုတူးဖော်ခြင်းများအား အရေးယူဆောင်ရွက်နိုင်ရေး အတွက် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ မန္တလေးတိုင်း‌ဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်း‌ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်ဇာနည်လွင်မှ အစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မိုးမိတ်               စက်တင်ဘာ     -   ၁၀

new 135

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၁၀)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဥ်းကပ်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဥမ္မာချောင်းသည် တွင်းငယ်-မိုးမိတ်လမ်း (48km-49km)အတွင်း တည်ရှိပြီး မိုးမိတ်ဘက်ကမ်းနှင့် တွင်းငယ်ဘက် ကမ်းနှစ်ခုကြား 392.43m(၁၂၈၇.၄၈) ပေအရှည်ရှိပြီး ချောင်းပေါ်တွင် (၅၆)ပေအရှည် သစ်သားတံတားနှင့် (၂၉)ပေအရှည် သစ်သားတံတား စုစုပေါင်း သစ်သားတံတား( ၂ )စင်းရှိပြီး လမ်း၏ ဝဲ/ယာတစ်ဘက်တစ်ချက်တွင် အင်းရေပြင်ကဲ့သို့ တစ်နှစ်ပတ်လုံး ရေများ ရှိနေ၍ မိုးရာသီ မိုးရွာသွန်းမှု အလွန်များသည့်အချိန်တို့တွင် အင်းရေပြင်ထဲသို့ တောင်ကျချောင်းရေ များပြားစွာ ကျဆင်းလာမှုကြောင့် သစ်သားတံတားများပေါ်နှင့် ကားလမ်းပေါ်တို့တွင် ရေ ၂ပေခွဲမှ ၃ပေအထိ ရေ Level မြင့်တက်၍ ရေကျသည်အထိ သွားလာချိန် စောင့်ဆိုင်းနေရပါကြောင်း၊ လမ်းပန်းဆက်သွယ်မှုမှာ အချိန်(၂)နာရီမှ (၃)နာရီ အထိ စောင့်ဆိုင်းနေရ၍ ယာဥ်များသွားလာနိုင်မှုမရှိဘဲ ရေများကျသွားမှသာ သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်မှု အခက်အခဲများရှိနေသည့်အတွက် တံတားဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြပြီး တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ခွင့်ပြုရန်ပုံငွေများဖြင့် အဆိုပါ (၅၆)ပေသစ်သားတံတားနေရာတွင် (၆၀)ပေအရှည် R.C.C ကွန်ကရစ်တံတားအဖြစ်လည်းကောင်း၊ (၂၉)ပေအရှည် သစ်သားတံတားနေရာတွင် (၂)ခန်းတွဲ 10´×50´R.C.C BOX Culvert များအဖြစ်လည်းကောင်း တည်ဆောက်ပေးပြီး ချဥ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် တံတားဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း( ၁၀၀ )ဖြင့် ချဥ်းကပ်လမ်း တာပေါင်တည်ဆောက်ခြင်းနှင့် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၉)မှ ဆောင်ရွက်ပေးကြောင်းနှင့် အင်းရေပြင်ကဲ့သို့ ရှိနေသောနေရာတွင် တာပေါင်တည်ဆောက်နိုင်ရန်အတွက် လမ်းဦးစီးဌာန၊ လမ်းလေယာဥ်ကွင်းဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ လမ်းတာတည်ငြိမ်မှုရရှိနိုင်ရေးအတွက် Geotextile နည်းပညာဖြင့် Design ရေးဆွဲ၍ လမ်းတာတည်ဆောက်သွားရန် ညွှန်ကြားခဲ့သဖြင့် တံတားဦးစီးဌာနသို့ ဆက်လက်တင်ပြရာတွင် တာပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်(၁၃၇.၈၄၆)သန်း ခွင့်ပြုခဲ့သဖြင့် အဆိုပါလုပ်ငန်းများအား ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး       စက်တင်ဘာ     -  ၇

new 138

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် Covid-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ အတွက် ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090)တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်း (6)မျိုး ထပ်မံပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာ 7 ရက် နံနက် 9 နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီရုံးခန်း၌ ကျင်းပသည်။

Covid-19 ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က Covid-19 ရောဂါ ကူးစက်မြန် ကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက် ရှိသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း၊ Covid-19 ရောဂါမဖြစ်ပွားမီ အချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားအတွက် Covid-19 ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ်သိန်း(59542)ထိ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု Covid-19 ရောဂါ ကူးစက်မြန်ဆန် လာသည့်ကာလတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (7)မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ‌ရွေ့လျားကိုယ်ပူချိန်တိုင်းတာစက် (6)လုံး၊ စုစုပေါင်း ကျပ်သိန်း(2400)ကို လှူဒါန်းခဲ့ပါ ကြောင်း၊ ယနေ့ ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (6)မျိုး၊ တန်ဖိုးကျပ်သိန်း(2090) အပါ အဝင် စုစုပေါင်း လှူဒါန်းမှုငွေကျပ်(63732)သိန်း ရှိပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းက Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့မှ လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကျေးဇူးတင်စကား ပြောကြားရာ Covid ကာလတွင် ကမ္ဘောဇဘဏ်၏ လှူဒါန်း မှုသည် များပြားလွန်းတာကြောင့် Covid ပထမ အခြေအနေနှင့် ယခုကာလအခြေအနေ အပိုင်းခွဲခြားပြီး တင်ပြလိုကြောင်း၊ ကမ္ဘောဇဘဏ်က Covid-19 ရောဂါ မြန်မာနိုင်ငံတွင် မဖြစ်ပွားမီကာလက စတင်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)(မြောက်ပိုင်း)နှင့် (တောင်ပိုင်း)ဒေသရှိ တိုင်းရင်းသားပြည်သူ များအပါအဝင် အခြားတိုင်း‌ဒေသကြီးနှင့်ပြည်နယ်များတွင် စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေများ စဉ်ဆက်မပြတ် လှူဒါန်း ခဲ့ရာ ပထမပိုင်းတွင် ငွေကျပ်(59542)သိန်း လှူဒါန်းခဲ့ကြောင်း၊ အထူးသဖြင့် ပအိုဝ်း၊ တောင်ရိုး၊ ဓနုဒေသများရှိ ဂေါ်ဖီထုပ် စိုက်တောင်သူများအတွက် ရောင်းရမည့်အချိန်တွင် မရောင်းချနိုင်ခဲ့သော ပျက်စီးရမည့် ဂေါ်ဖီထုပ်ပေါင်း (7)သိန်းကျော်ကို အချိန်မီ ဝယ်ယူခဲ့ပြီး (10)ဘီး၊ (12)ဘီးယာဉ် (120)ကျော်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုလို လှူဒါန်းနိုင်ခဲ့သည့်အတွက် ဂေါ်ဖီထုပ်စိုက် တောင်သူများ၏ စီးပွား‌ရေးကို ကူညီ ကယ်တင်နိုင်ခဲ့သည့်အပြင် ကားလုပ်ငန်းလုပ်ကိုင်သူ ကားဆရာအပါအဝင် ကားသမားများအတွက်လည်း အဆင်ပြေခဲ့ပါ ကြောင်း၊ စားနပ်ရိက္ခာလိုအပ်နေသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ အကျဉ်းစခန်းများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့သောကြောင့် ဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါကြောင်း၊ ယခုလက်ရှိကာလတွင် ရခိုင်ပြည်နယ်မှ စတင်ခဲ့ရာ ပြည်နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်အစိုးရထံသို့ ငွေကျပ်သိန်း(300)နှင့် Covid-19 ရောဂါကာကွယ်ရေးပစ္စည်း (7)မျိုးကို စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(900)ခန့် အမြန်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွက်လည်း ရွေ့လျားကိုယ်အပူချိန်တိုင်းစက် (6)လုံး၊ စုစုပေါင်း တန်ဖိုးကျပ်သိန်း(1200)ကို လှူဒါန်းခဲ့ကြောင်း၊ ပထမအခြေအနေနှင့် ယခုအခြေအနေမှ လှူဒါန်းမှု နှစ်ခုလုံး ပေါင်းပါက ငွေကျပ်(61642)သိန်းအထိ ရှိနေပြီဖြစ်ကြောင်း၊ ယနေ့လက်ရှိကာလတွင် Covid-19 ရောဂါပြင်းထန်နေချိန်၌ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် ရှိသော Covid-19 လူနာ များနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ယနေ့ထပ်မံ လှူဒါန်းသည့် ငွေကျပ်သိန်းပေါင်း (2090)ကို ထည့်သွင်းတွက်ချက်ပါက ငွေကျပ်(63732)သိန်း ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် လိုအပ်နေသည့်အရာများကို ချက်ချင်းလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သွားသည်။

ကမ္ဘောဇဘဏ်မှ ယနေ့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090) တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်းရာတွင် ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဆေးရုံသုံး Mask(10)သိန်း၊ ခေါင်းစွပ်(1)သိန်း၊ လက်အိတ်(1)သိန်း၊ မျက်နှာကာ Face Shield (5)သောင်း၊ Hand Gel ဗူးကြီး (5000)နှင့် PPE ဝတ်စုံ (1000)တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက် ရှိရာ ယနေ့အထိ ငွေကျပ် (166)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် လီမိတက် နာယက ဦးအောင်ကိုဝင်း၊ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်၊ အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

ရွာငံ          စက်တင်ဘာ  -  ၉

new 136

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ဟံမြင့်မိုရ် - မြို့ကြီး- ရွာငံ - အောင်ပန်း လမ်းပေါ်ရှိ လမ်း၊တံတား ပြုပြင်ဆောင်ရွက်နေမှုကို စက်တင်ဘာ (၉)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ လမ်း၊တံတား ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံး၊ ငွေရင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနနှင့် JICA ကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းအနိမ့်အမြင့် ညှိခြင်း၊ ရေပိတ်လွှာ လောင်းခြင်း၊ လမ်းတာဘောင်ချဲ့ခြင်းနှင့်တည်ဆောက်ခြင်း၊ ကျောက်တောင် မိုင်းခွဲလမ်းချဲ့ခြင်း၊ ၅၀ ပေ အောက် သံကွန်ကူရစ်တံတား တိုးချဲ့တည်ဆောက်ခြင်း၊ ကျောက်စီ ရေမြောင်းနှင့် ရေမြောင်းပုံ တည်ဆောက်ခြင်းလုပ်ငန်း များကို ရှင်းလင်းဆောင်ခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် ယခုအချိန်တွင် Covid-19 ရောဂါ ဖြစ်ပွားနေ သည့်အတွက် ကျန်းမာရေးအတွက် ကာကွယ်နိုင်ရန် လုပ်ငန်းခွင်၌ Mask များ တပ်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

တောင်ကြီး စက်တင်ဘာ    -       ၇

new 137

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ၊ Mask၊ လက်အိတ်၊ မျက်မှန်၊ လည်ရှည်ဖိနပ်များ လှူဒါန်းခြင်းကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် Royal Star Hotel မိသားစုမှ PPE ဝတ်စုံ(၅၀)စုံ၊ Mask (၅၀)ဗူး၊ လက်အိတ် (၅၀)စုံ၊ မျက်မှန် (၅၀)လက်၊ လည်ရှည်ဖိနပ် (၅၀)ရံ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဖရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်