Articles

(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၁၉

301

ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် ကမ္ဘောဇ တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၉)ရက် နံနက်(၇)နာရီက ဖွင့်ပွဲကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတော်၌ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး နှင့်ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်တည်ဆောက်ခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်နေသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဂေါက်သီးအားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်း တစ်ခုဖြစ်သလို ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှု၊ နည်းစနစ်ကျွမ်းကျင်မှုကိုပါ လေ့ကျင့် ပျိုးထောင်နိုင်သည့် အားကစားသမားများရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကိုရည်ရွယ်ပြီး ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ခုနှစ်မှစတင်ကာ lnter District Golf Tournament ဆိုသည့် ဖလားဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံးက အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ၂၀၁၁ခုနှစ် ကျိုင်းတုံကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှစတင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသား အသင်းပေါင်း(၆၁)သင်း၊ အမျိုးသမီး(၈)သင်းမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ် (၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ကမ္ဘောဇကုမ္ပဏီနာယကကြီးဦးအောင်ကိုဝင်း၊ ပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များ အားလုံးနှင့် တောင်ကြီး အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘောဇ တံခွန်စိုက်ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲကို SMOKE BALL ဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်တို့မှ ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

ရှမ်းပြည်နယ်စိုက်ပျိူးရေးစုံညီပွဲတော်ကျင်းပရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး ဒီဇင်ဘာ   -   ၁၇

300

ရှမ်းပြည်နယ်စိုက်ပျိူးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင်ကျင်းပမည့် ရှမ်းပြည်နယ် စိုက်ပျိူးရေး စုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်စိုက်ပျိူးရေး စုံညီပွဲတော် ကျင်းပရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းရာ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့ )ကျင်းပ

တောင်ကြီး  ဒီဇင်ဘာ ၁၆

299

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့ ) ကို ဒီဇင်ဘာ (၁၆) ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်း သိရသည်။ 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၅ )ဦးရှိပြီး အစည်းအဝေးသို့ ( ၁၂၅ )ဦး တက်ရောက်သဖြင့် ( ၈၉.၂၉ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (ပထမနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကား ပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းကို  ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

  ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်( ၁၅ )ဦးတို့ အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး၊ ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြု ကြောင်း ကြေညာ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်( ၁၂ )ဦးမှ ကြယ်ပွင့်ပြ မေးခွန်း( ၁၅ ) ခုနှင့် အဆို(၁)ခုမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရသည်။ 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၁၆

298

၂၀၁၉ခုနှစ် ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည်အထိမ်းအမှတ်ကို ဒီဇင်ဘာ(၁၃)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ Classic Hall ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ် ဓါတ်ပုံအသင်း၏ ပရဟိတစိတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးအထူးဓမ္မသဘင်တွင် (၅)ရက်တိုင်တိုင် ညစဉ်မပျက်မကွက်ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးပုံဖော်ပေးခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှမ်းပြည်နယ် ဓါတ်ပုံအသင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးတရားပွဲ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင်လည်း ဓါတ်ပုံမှတ်တမ်း ရိုက်ကူးပေးခဲ့သည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အသင်းသူ၊ အသင်းသားများ၏ စည်းလုံးညီညွှတ်မှုကို ဒီထက်မကပိုပြီး ကျစ်လစ်ခိုင်မာသည့် အင်အားတစ်ခုဖြစ်ရန်နှင့် အတွင်းရန်၊ အပြင်ရန်တို့ကိုလည်း စည်းလုံးညီညွှတ်မှုအင်အားဖြင့် အောင်မြင်ကျော်လွှားနိုင်အောင် ဆောင်ရွက်ကြရန် ပြောကြား သည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဥက္ကဋ္ဌဦးမောင်ကြီးက အသင်း၏လှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားပြီး၊ မိမိမြို့နယ်အတွင်း ဓါတ်ပုံပညာပြန့်ပွားအောင် ဆောင်ရွက်ပေးသူများနှင့် ရှမ်းပြည်နယ် ဓါတ်ပုံပညာအသင်းအား ပံ့ပိုးကူညီသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်းမှ လပတ်ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည် အထိမ်းအမှတ်၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲ ဆုရရှိသူများနှင့် အကောင်းဆုံးဆု ရရှိသူများတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများမှ ဆုချီးမြှင့် ပေးကြသည်။

ထို့နောက် ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများကိုယ်စား ၂၀၁၉ခုနှစ် အကောင်းဆုံးဓါတ်ပုံပညာရှင်ဆုရရှိသူ ကျော်နိုင်လင်း (လရိပ်ပြာ)မှ ကျေးဇူးတင်စကားပြောကြားပြီး၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ဦးမှ နိဂုံးချုပ်စကား ပြောကြားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 156 guests and no members online

Latest Updates