Articles

အမိန့်ကြော်ငြာစာအမှတ်(၁၃၀/၂၀၁၉)အရ ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

အမိန့်ကြော်ငြာစာအမှတ်(၁၃၀/၂၀၁၉)အရ

ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

A9A10A11A12A13A14A15A16

အသိပညာပေးဆွေးနွေး 2019 nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့်

တောင်ကြီး ဖေဖော်ဝါရီ - ၃

310

2019 nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၃)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ 2019 nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့် အသိပညာပေးရှင်းလင်းရာ ကြိုတင်ကာကွယ်ရေးလုပ်ဆောင် ချက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် အဖျားရောဂါစောင့်ကြပ် ကြည့်ရှုခြင်းအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သီးခြား ထားရှိကုသမှုပေးနိုင်ရန် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးအထွေအထွေရောဂါကုဆေးရုံကြီးနှင့် နေပြည်တော် ကုတင်(၁၀၀၀)အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် ပြင်ဆင်ထားရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဗဟိုအဆင့် ဆေးရုံကြီးများတွင် Designated Hospitals များ သတ်မှတ်၍ သံသယလူနာများ သီးခြားထားရှိ ကုသနိုင်ရန် ပြင်ဆင် ဆောင်ရွက်ခြင်း၊ 2019 nCoV ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများအား ပြည်သူလူထုအတွင်း၌ လည်းကောင်း၊ ဟိုတယ်များတွင်လည်းကောင်း၊ မော်တော်ယာဉ်လိုင်းများတွင်လည်ကောင်း ဆောင်ရွက်ထားရှိခြင်း၊ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Website, Facebook Page များတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိခြင်း၊ ကူးစက်နိုင်သည့် နည်းလမ်းများမှာ အသက်ရှု လမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်ကူးစက်ခြင်း၊ လူနာနှင့် တိုက်ရိုက်ကိုင်တွယ်ထိတွေ့ခြင်း၊ အရာဝတ္ထုများတွင် ထိကပ်နေသော ရောဂါပိုးများအား ထိတွေ့ရာမှတစ်ဆင့်ကူးစက်ခြင်း၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများဖြစ်သည့် လွန်ခဲ့သည့် (၁၄)ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဝူဟန်မြို့သို့ ခရီးထွက်ခွာခြင်း (သို့မဟုတ်) အဆုတ်ရောင်ရောဂါ ဖြစ်ပွားသည်ဟု အတည်ပြုခြင်း ခံရသူနှင့် အတူနေထိုင်ခဲ့ခြင်းတို့ရှိခဲ့ပြီး ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်ရှိခြင်း) ချောင်းဆိုးခြင်း၊ အသက်ရှုရန်ခက်ခဲခြင်း၊ အင်အားကုန်ခမ်းခြင်း၊ ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးကုသခံနိုင်ရန်နှင့် ကာကွယ်မှုဖြစ်သော တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ရန်၊ အာဟာရပြည့်ဝစွာစားသုံးရန်၊ ကောင်းစွာအိပ်စက်အနားယူရန်၊ တိရိစ္ဆာန်များနှင့် အကာကွယ်မပါပဲ တိုက်ရိုက် ထိတွေ့ခြင်းမှရှောင်ကြဉ်ရန်၊ နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ရန်၊ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ လက်ကိုစနစ်တကျပြန်လည်ဆေးကြောရန်၊ အသားစိမ်းများနှင့် ချက်ပြုတ်ပြီး အသားများကိုလှီးရာတွင် မတူညီသောစဉ်းနီတုံးအသုံးပြုရန်၊ အသားစိမ်းများဖြစ်စေ ချက်ပြုတ်ပြီးအသားဖြစ်စေအစားသောက် များကို ကိုင်တွယ်ပြီးတိုင်း လက်များကို သေချာစွာဆေးရန် စသည်ဖြင့် အသိပညာပေးဟောပြောသွားကြောင်းသိရသည်။

အဆိုပါ 2019 nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ပုဂ္ဂလိကဆေးရုံ၊ မော်တော်ယာဉ်လိုင်း၊ အမျိုးသမီးရေးရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ပြည်သူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၃

32

၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ (၂)ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စုပေါင်းထမနဲထိုးပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ စုပေါင်းထမနဲထိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဧည့်ပရိတ်သတ်များကို ထမနဲထုပ်များ ဝေငှခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် ဌာနဆိုင်ရာ (၁၄)ခုမှ ထမနဲထိုး၍ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV အသိပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁

31

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး(၉)မျိုးကို အသုံးပြုပြီး အသက်(၅)နှစ်အောက် ကလေးများတွင် ဖြစ်တတ်သော ကူးစက် ရောဂါ (၁၁)မျိုးကြောင့် ဖြစ်ပွား၊ သေဆုံးမှုများ လျော့နည်းလာအောင် ကာကွယ်ပေးလျှက်ရှိကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ကာကွယ်နိုင်ခြင်းကြောင့် မိသားစုနှင့် ကလေးများအတွက် လူမှုရေး၊ စီးပွားရေး ပိုမိုတိုးတက်အောင်မြင်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ပြည်သူလူထုကလည်း အစွမ်းထက်သောကာကွယ်ဆေးများရရှိသောကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုလက်ခံလာပြီး၊ ပုံမှန်ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ဆေးသစ်တစ်မျိုး ဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး)နှင့် ယခင်ကသုံးကြိမ် ထိုးနှံပေး လျက်ရှိသည့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးကို ယခုအခါစတုတ္ထအကြိမ်အဖြစ် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် တွင် ထပ်မံထည့်သွင်းထိုးနှံနိုင်တော့မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းလာပြီး ကာကွယ်ဆေးအသစ်များ ထပ်မံထည့်သွင်းသည့်အချိန်များတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် တစ်ခုကို ပိုမိုအားကောင်းလာစေရန် အခမ်းအနားတက်ရောက်လာသူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အထူးဂရုပြု၍ ကြိုးစားဆောင်ရွက်သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်မှ 2019-nCoV ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း အသိပေးရှင်းလင်းပြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ဆောင်ရွက်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ရိုတာ ဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်ပွားမှုများအကြောင်း ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အသက် (၂) နှစ်ကလေးများအား ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် အသက် (၁)နှစ်ခွဲကလေးများအား ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ် ထိုးနှံနေမှုအား လိုက်လံကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 79 guests and no members online

Latest Updates