ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုေနသည့္ ေက်ာင္းမ်ားသို႔ ကြင္းဆင္းၾကည့္ရွု

ေတာင္ႀကီး မတ္- ၉

2136

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမွုေရး ဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ပညာေရးမွူးႏွင့္ တာဝန္ရွိသူတို႔သည္ မတ္(၉)ရက္ နံနက္ (၉)နာရီခြဲက စာစစ္ဌာနျဖစ္ေသာ ေရႊေညာင္၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ ေအးသာယာ၊ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းမ်ားတြင္ ၂၀၁၇ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ အဂၤလိပ္ဘာသာ ေျဖဆိုေနၾကသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား လွည့္လည္ၾကည့္ရွု စစ္ေဆးခဲ့ေၾကာင္းသိရသည္။

၂၀၁၇ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသည့္ ေရႊေညာင္၊ အမွတ္(၁)အေျခခံပညာ အထက္တန္းေက်ာင္းတြင္ စာရင္းရွိ က်ား(၄၀၃)ဦး၊ မ (၆၀၁)ဦး၊ ေျဖဆိုက်ား(၃၇၁)ဦး၊ မ (၅၇၃)ဦး၊ ပ်က္ကြက္ က်ား(၃၂)ဦး၊ မ(၂၈)ဦး၊ စုစုေပါင္းေျဖဆိုေက်ာင္းသား/ေက်ာင္းသူ  (၉၄၄)ဦး ႏွင့္ ေအးသာယာ ၊ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းတြင္ စာရင္းရွိ က်ား(၁၃၇)ဦး၊ မ (၂၇၉)ဦး၊ ေျဖဆိုက်ား(၁၂၄)ဦး၊ မ (၂၆၅)ဦး ပ်က္ကြက္၊ က်ား(၁၃)ဦး၊ မ(၁၄)ဦး၊ စုစုေပါင္းေျဖဆို ေက်ာင္းသား/ေက်ာင္းသူ  (၃၈၉)ဦးရွိေၾကာင္းသိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

-----------------------------------------------------------------------------------------------------------------

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းများသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး မတ်- ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့သည် မတ်(၉)ရက် နံနက် (၉)နာရီခွဲက စာစစ်ဌာနဖြစ်သော ရွှေညောင်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အေးသာယာ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်ဘာသာ ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ရွှေညောင်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ ကျား(၄၀၃)ဦး၊ မ (၆၀၁)ဦး၊ ဖြေဆိုကျား(၃၇၁)ဦး၊ မ (၅၇၃)ဦး၊ ပျက်ကွက် ကျား(၃၂)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်းဖြေဆိုကျောင်းသား/ကျောင်းသူ  (၉၄၄)ဦး နှင့် အေးသာယာ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာရင်းရှိ ကျား(၁၃၇)ဦး၊ မ (၂၇၉)ဦး၊ ဖြေဆိုကျား(၁၂၄)ဦး၊ မ (၂၆၅)ဦး ပျက်ကွက်၊ ကျား(၁၃)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်းဖြေဆို ကျောင်းသား/ကျောင်းသူ  (၃၈၉)ဦးရှိကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 233 guests and no members online