ရှမ်းပြည်နယ်သတင်းများ

လူမှုဖူလုံရေး- မြတ်တော်ဝင်အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၃၀

61

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ လူမှုဖူလုံရေး- မြတ်တော်ဝင်အထွေထွေရောဂါကုဆေးခန်းကို ဧပြီ ၃၀ ရက်၊ နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြတ်တော်ဝင်ဆေးရုံ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြတ်တော်ဝင်ဆေးခန်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ လူမှုဖူလုံရေးစီမံကိန်းသည် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်တို့က စုပေါင်း၍ ဝန်ဆောင်မှုပေးနေသော လူမှုကျန်းမာရေးအာမခံစီမံကိန်းတစ်ခုဖြစ်ပါ ကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းတိုးတက်ပြောင်းလဲမှုသည် အလုပ်သမားများ၏ အကျိုးအတွက်သာမက အလုပ်ရှင် များအကျိုးကိုလည်း ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်အားဖြည့်ဆည်းပေးနိုင် သည့်အတွက် ပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာ အကောင်အထည်ဖော်သည့်နေရာတွင် အလုပ်ရှင်၊ အလုပ်သမား များ၊ ပုဂ္ဂလိကဆေးရုံကြီးမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီပူးပေါင်း ပါဝင်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခုစီမံကိန်းကို ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ၁၉၅၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်ခေတ်ကာလအခြေအနေနှင့်ကိုက်ညီအောင် ဥပဒေသစ်စတင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် လူမှုဖူလုံရေးဥပဒေသစ်ကိုပြဌာန်း၍ ၂၀၁၄ ခုနှစ်၊ ဧပြီလမှစ၍ ဥပဒေသစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုစီမံကိန်းသည် အလုပ်ရှင်အတည်တကျရှိပြီး လစဉ်ပုံမှန်ဝင်ငွေရှိသော Formal Sector  ကဏ္ဍက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများက ဝန်ထမ်းများနှင့် အလုပ်သမားများ၏ လူမှု ကျန်းမာရေးကို အထောက်အကူပြုသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အာမခံစနစ်တစ်ခုဖြစ်ကာ လက်ရှိတွင် အလုပ်သမား (၅)ဦးနှင့်အထက်ရှိသော ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းအချို့ စီမံကိန်း တွင် အကြုံးဝင်နေပြီးဖြစ်သော တစ်နိုင်ငံလုံးအနေဖြင့် အာမခံအလုပ်သမားပေါင်း (၁၁)သိန်းကျော်ရှိကာ တောင်ကြီး မြို့တွင် အာမခံအလုပ်သမားပေါင်း (၁၀၂၀၈)ဦး ရှိနေပြီဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်ဆီမှ ၃ နှင့် အလုပ်သမားဆီမှ ၂ ဖြင့် ထည့်ဝင်ထားသော ရန်ပုံငွေကို လေလွှင့်မှုမရှိစေရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေး၊ ရေရှည်တည်တံ့စေရေးစသည့် ဦးတည်ချက်များနှင့် အစိုးရအဖွဲ့က ချမှတ်ပြဌာန်းထားသော ဘဏ္ဍရေးစည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲပြီး အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးခြင်း၊ မကျန်းမာ၍ အလုပ်မလုပ်နိုင်သောအခါ ဝင်ငွေအဆင်ပြေစေရေးအတွက် ငွေကြေးအကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၅)ခန်းတို့နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျှက်ရှိပါကြောင်း ပြောကြားသွားသည်။

ထို့နောက် Family Mandalar Hospital Gorup  ဥက္ကဌ ဦးစိုးမြင့်မှ လူမှုဖူလုံရေး- မြတ်တော်ဝင် အထွေထွေရောဂါကုဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အာမခံအလုပ်သမားများကိုယ်စား ကမ္ဘောဇဘိလပ်မြေစက်ရုံ ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းထိန်မှ ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်များ ပေးအပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များအား ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လူမှုဖူလုံရေး- မြတ်တော်ဝင် အထွေထွေရောဂါကုဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

Zawgyi+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လူမႈဖူလုံေရး- ျမတ္ေတာ္ဝင္အေထြေထြေရာဂါကုေဆးခန္းဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ - ၃၀

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ လူမႈဖူလုံေရးအဖြဲ႕၊ လူမႈဖူလုံေရး- ျမတ္ေတာ္ဝင္အေထြေထြေရာဂါကုေဆးခန္းကို ဧၿပီ ၃၀ ရက္၊ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျမတ္ေတာ္ဝင္ေဆး႐ုံ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ျမတ္ေတာ္ဝင္ေဆးခန္းအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ႏွင့္ တာဝန္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ အစီအစဥ္အရ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားရာ လူမႈဖူလုံေရးစီမံကိန္းသည္ ႏိုင္ငံေတာ္၏ အဓိကကုန္ထုတ္စြမ္းအားစုျဖစ္ေသာ အလုပ္သမားမ်ား၏ လူမႈဘဝလုံၿခဳံေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ပိုမိုခံစားရရွိျခင္းျဖင့္ ကုန္ထုတ္လုပ္မႈ တိုးတက္ၿပီး ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္အတြက္ အလုပ္ရွင္၊ အလုပ္သမားႏွင့္ ႏိုင္ငံေတာ္တို႔က စုေပါင္း၍ ဝန္ေဆာင္မႈေပးေနေသာ လူမႈက်န္းမာေရးအာမခံစီမံကိန္းတစ္ခုျဖစ္ပါ ေၾကာင္း၊ လူမႈဖူလုံေရးစီမံကိန္းတိုးတက္ေျပာင္းလဲမႈသည္ အလုပ္သမားမ်ား၏ အက်ိဳးအတြက္သာမက အလုပ္ရွင္ မ်ားအက်ိဳးကိုလည္း ျဖစ္ေပၚေစသည့္အျပင္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တစ္တပ္တစ္အားျဖည့္ဆည္းေပးႏိုင္ သည့္အတြက္ ျပဳျပင္ေျပာင္းလဲမႈကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္သည့္ေနရာတြင္ အလုပ္ရွင္၊ အလုပ္သမား မ်ား၊ ပုဂၢလိကေဆး႐ုံႀကီးမွ တာဝန္ရွိသူမ်ား၊ အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားအားလုံးက တက္ညီလက္ညီပူးေပါင္း ပါဝင္သြားၾကရန္ တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က အခုစီမံကိန္းကို ၁၉၅၄ ခုႏွစ္၊ လူမႈဖူလုံေရးဥပေဒအရ ၁၉၅၆ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၂၀၀၈ ခုႏွစ္ေခတ္ကာလအေျခအေနႏွင့္ကိုက္ညီေအာင္ ဥပေဒသစ္စတင္ေရးဆြဲခဲ့ၿပီး ၂၀၁၂ ခုႏွစ္ တြင္ လူမႈဖူလုံေရးဥပေဒသစ္ကိုျပဌာန္း၍ ၂၀၁၄ ခုႏွစ္၊ ဧၿပီလမွစ၍ ဥပေဒသစ္ကို စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုစီမံကိန္းသည္ အလုပ္ရွင္အတည္တက်ရွိၿပီး လစဥ္ပုံမွန္ဝင္ေငြရွိေသာ Formal Sector  က႑က ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားက ဝန္ထမ္းမ်ားႏွင့္ အလုပ္သမားမ်ား၏ လူမႈ က်န္းမာေရးကို အေထာက္အကူျပဳေသာ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ အာမခံစနစ္တစ္ခုျဖစ္ကာ လက္ရွိတြင္ အလုပ္သမား (၅)ဦးႏွင့္အထက္ရွိေသာ ပုဂၢလိကစက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္သမားမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕ စီမံကိန္း တြင္ အႀကဳံးဝင္ေနၿပီးျဖစ္ေသာ တစ္ႏိုင္ငံလုံးအေနျဖင့္ အာမခံအလုပ္သမားေပါင္း (၁၁)သိန္းေက်ာ္ရွိကာ ေတာင္ႀကီး ၿမိဳ႕တြင္ အာမခံအလုပ္သမားေပါင္း (၁၀၂၀၈)ဦး ရွိေနၿပီျဖစ္ေၾကာင္း၊ လူမႈဖူလုံေရးအဖြဲ႕အေနျဖင့္ အလုပ္ရွင္ဆီမွ ၃ ႏွင့္ အလုပ္သမားဆီမွ ၂ ျဖင့္ ထည့္ဝင္ထားေသာ ရန္ပုံေငြကို ေလလႊင့္မႈမရွိေစေရး၊ ပြင့္လင္းျမင္သာမႈရွိေရး၊ ထိေရာက္မႈရွိေရး၊ ေရရွည္တည္တံ့ေစေရးစသည့္ ဦးတည္ခ်က္မ်ားႏွင့္ အစိုးရအဖြဲ႕က ခ်မွတ္ျပဌာန္းထားေသာ ဘ႑ေရးစည္းမ်ဥ္းမ်ားႏွင့္အညီ စီမံခန္႔ခြဲၿပီး အက်ဳံးဝင္အာမခံအလုပ္သမားမ်ား၏ က်န္းမာေရးကို ေစာင့္ေရွာက္မႈ ေပးျခင္း၊ မက်န္းမာ၍ အလုပ္မလုပ္ႏိုင္ေသာအခါ ဝင္ေငြအဆင္ေျပေစေရးအတြက္ ေငြေၾကးအက်ိဳးခံစားခြင့္မ်ားကို အလုပ္သမားေဆး႐ုံႀကီး (၃)႐ုံ၊ ၿမိဳ႕နယ္လူမႈဖူလုံေရးေဆးခန္း (၉၆)ခန္း၊ ဌာနႀကီးေဆးခန္း (၅၅)ခန္းတို႔ႏွင့္ က်န္းမာေရးဝန္ေဆာင္မႈေပးလၽွက္ရွိပါေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ Family Mandalar Hospital Gorup  ဥကၠဌ ဦးစိုးျမင့္မွ လူမႈဖူလုံေရး- ျမတ္ေတာ္ဝင္ အေထြေထြေရာဂါကုေဆးခန္းဖြင့္လွစ္ရျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး အာမခံအလုပ္သမားမ်ားကိုယ္စား ကေမၻာဇဘိလပ္ေျမစက္႐ုံ ဒုတိယအေထြေထြမန္ေနဂ်ာ ဦးဝင္းထိန္မွ ေက်းဇူးတင္စကားေျပာၾကားကာ ဖြင့္ပြဲ အထိမ္းအမွတ္အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ရာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္ႏွင့္ တာဝန္ရွိသူမ်ားက ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီး မ်ားအား ေပးအပ္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က လူမႈဖူလုံေရး- ျမတ္ေတာ္ဝင္ အေထြေထြေရာဂါကုေဆးခန္းအတြင္း လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 149 guests and no members online

Latest Updates