ရှမ်းပြည်နယ်သတင်းများ

နဝမတန်းဘက်စုံပညာထူးချွန်လူငယ်များ မ န္တလေးစုရပ်မှ အင်းလေး ခေါင်တိုင် အပန်းဖြေစခန်းသို့ရောက်ရှိ

တောင်ကြီး  ဧပြီ  ၂၉

62

၂၀၁၈ ခုနှစ်၊ ဘက်စုံပညာထူးချွန်အပန်းဖြေစခန်း(အင်းလေးခေါင်တိုင်)သို့ရောက်ရှိလာသော နဝမတန်း ဘက်စုံပညာထူးချွန်လူငယ်များကို ၂၀၁၈ ခုနှစ် ဧပြီလ (၂၉)ရက်နေ့က ကလောမြို့၊ တောင်ကြီးမြို့နှင့် အင်းလေး ခေါင်တိုင်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် အင်းလေး ခေါင်တိုင် ဘက်စုံပညာထူချွန်အပန်းဖြေစခန်းသို့ နဝမတန်း လူရည်ချွန်မောင် (၈၆)ဦး၊ လူရည်ချွန်မယ်(၈၈)ဦး စုစုပေါင်း (၁၇၄)ဦး၊ အုပ်ချုပ်သူဆရာ/ဆရာမ(၁၈)ဦးတို့ ဦးဆောင်၍ ညအိပ်ရပ်နား မည့် ဟူပင်ဟိုတယ်တို့ရောက်ရှိခဲ့ကြပြီး၊ နဝမတန်း လူရည်ချွန်မောင်မယ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နှုတ်ခွန်းဆက်စကားပြောကြားပေးကာ၊ ဟူပင်ဟိုတယ်မှ တာဝန်ရှိသူမှ ဟိုတယ်တွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ တာဝန်ခံဆရာတစ်ဦးက မိမိတို့ တည်းခိုမည့် အခန်းများကို လိုက်လံပြသ၍ စည်ကမ်းရှိစွာနေထိုင်သွားကြရန်နှင့် အပန်းဖြေစခန်းတွင်လေ့လာ မှတ်သားပြီး မိမိတို့ဒေသပြန်ရောက်လျှင် လေ့လာမှတ်သားထားသည်များကို အခြားသူများသို့ဝေငှပေးကြပါဟု မှာကြားခဲ့ကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(ေတောင်ကြီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တောင်ကြီး  ဧပြီ  ၂၉



စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 119 guests and no members online