ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ မဘိမ္းၿမိဳ႕နယ္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေဆာင္႐ြက္မႈႏွင့္ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ေမ - ၂၄

78

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေမ ၂၂ ရက္က မိုးမိတ္ခ႐ိုင္၊ မိုးမိတ္ၿမိဳ႕နယ္မွ မဘိမ္းၿမိဳ႕နယ္သို႔ ထြက္ခြာလာရာ ေရအားလၽွပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာန အမွတ္(၂)တည္ေဆာက္ေရး၊ ေ႐ႊလီ(၃)ေရးအားလၽွပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈကို သြားေရာက္ ၾကည့္႐ႈရာ ရွင္းလင္းေဆာင္ခန္းမ၌ ေရအားလၽွပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးခင္လႈိင္မွ စီမံကိန္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးႏွင့္ သက္ဆိုင္ရာဌာနမ်ားက အေထြေထြ ေဆြးေႏြးတင္ျပၾက၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ ေ႐ႊလီ(၃)ေရးအားလၽွပ္စစ္စီမံကိန္း လုပ္ငန္းခြင္ အတြင္းလွည့္လည္ၾကည့္႐ႈခဲ့ၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားတို႔သည္ မဘိမ္းၿမိဳ႕၊ ၿမိဳ႕နယ္ခန္းမတြင္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား ရပ္မိရပ္ဖမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ မဘိမ္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးခိုင္ထြန္းမွ မဘိမ္းၿမိဳ႕နယ္၏ေဒသဆိုင္ရာအခ်က္အလက္မ်ားႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားအား ရွင္းလင္း တင္ျပကာ တက္ေရာက္လာၾကသည့္ ရပ္မိရပ္ဖႏွင့္ ေဒသခံျပည္သူမ်ားက မဘိမ္းၿမိဳ႕နယ္အတြင္း လိုအပ္လ်က္ရွိေသာ လုပ္ငန္း က႑အလိုက္ တင္ျပေတာင္းဆိုရာ သက္ဆိုင္ရာျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက ျပန္လည္ ေျဖၾကားၾကေၾကာင္းသိရွိရသည္။

ထို႔ေနာက္ မဘိမ္းၿမိဳ႕နယ္ မိခင္ႏွင့္ကေလးႀကီးၾကပ္ေစာင့္ေရးအသင္း႐ုံးေဆာက္လုပ္ရန္အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ  အလႉေငြက်ပ္သိန္း(၂၀)ကို  ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးမွ ေပးအပ္လႉဒါန္းေပးရာ ရပ္မိရပ္ဖ ဦးထြန္းလြင္က လက္ခံရယူၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ မဘိမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး မေ - ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မေ ၂၂ ရက်က မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်မှ မဘိမ်းမြို့နယ်သို့ ထွက်ခွာလာရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေး၊ ရွှေလီ(၃)ရေးအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်လှိုင်မှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက အထွေထွေ ဆွေးနွေးတင်ပြကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရွှေလီ(၃)ရေးအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့သည် မဘိမ်းမြို့၊ မြို့နယ်ခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ မဘိမ်းမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြကာ တက်ရောက်လာကြသည့် ရပ်မိရပ်ဖနှင့် ဒေသခံပြည်သူများက မဘိမ်းမြို့နယ်အတွင်း လိုအပ်လျက်ရှိသော လုပ်ငန်း ကဏ္ဍအလိုက် တင်ပြတောင်းဆိုရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည် ဖြေကြားကြကြောင်းသိရှိရသည်။

ထို့နောက် မဘိမ်းမြို့နယ် မိခင်နှင့်ကလေးကြီးကြပ်စောင့်ရေးအသင်းရုံးဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ  အလှူငွေကျပ်သိန်း(၂၀)ကို  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးမှ ပေးအပ်လှူဒါန်းပေးရာ ရပ်မိရပ်ဖ ဦးထွန်းလွင်က လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 112 guests and no members online

Latest Updates