ရှမ်းပြည်နယ်သတင်းများ

(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၁၉

301

ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် ကမ္ဘောဇ တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၉)ရက် နံနက်(၇)နာရီက ဖွင့်ပွဲကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတော်၌ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး နှင့်ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်တည်ဆောက်ခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်နေသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဂေါက်သီးအားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်း တစ်ခုဖြစ်သလို ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှု၊ နည်းစနစ်ကျွမ်းကျင်မှုကိုပါ လေ့ကျင့် ပျိုးထောင်နိုင်သည့် အားကစားသမားများရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကိုရည်ရွယ်ပြီး ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ခုနှစ်မှစတင်ကာ lnter District Golf Tournament ဆိုသည့် ဖလားဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံးက အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ၂၀၁၁ခုနှစ် ကျိုင်းတုံကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှစတင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသား အသင်းပေါင်း(၆၁)သင်း၊ အမျိုးသမီး(၈)သင်းမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ် (၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ကမ္ဘောဇကုမ္ပဏီနာယကကြီးဦးအောင်ကိုဝင်း၊ ပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များ အားလုံးနှင့် တောင်ကြီး အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘောဇ တံခွန်စိုက်ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲကို SMOKE BALL ဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်တို့မှ ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 95 guests and no members online

Latest Updates