ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr.Ronen Gilor အဖွဲ့နှင့် လက်ခံတွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ   -   ၂၀

302

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ဒီဇင်ဘာ(၂၀)ရက် မွန်းလွဲ(၁)နာရီ ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ်၏ (call)ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Ronen Gilor ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထို့သိုတွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ ယခုလိုသံအမတ်ကြီးအဖွဲ့ ကိုကြိုဆိုပါကြောင်းနှင့် လာရောက်ကူညီမှုပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် မိတ်ဆက်ပေး မည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးသွားသည်။ 

ဆက်လက်၍ အစ္စရေးသံအမတ်ကြီး H.E Mr.Ronen Gilor မှ ပင်ဖြစ်တွင် အစ္စရေးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များရှိပါ ကြောင်း၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ ရေသန့်လုပ်ငန်းကိစ္စရပ်များအပြင် စိုက်ပျိုးရေးကို အဓိကဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် အစ္စရေးနိုင်ငံတော်မှ လာရောက်ပံ့ပိုးကူညီရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ပြည်နယ်များထဲတွင်အကြီးဆုံးဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက် ပေးနေပါကြောင်း၊ ရှမ်းပြည်နယ်သည် ရာသီဥတုရော ပတ်ဝန်းကျင်အနေအထားပါ ပြောင်းလဲနေသောကြောင့် သီးနှံစိုက်ပျိုး ဆောင်ရွက်ရန်ရှိပါကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှဆွေးနွေးရာ ယခုလိုအဆွေတော်နှင့် တွေ့ဆုံရ သည်မှာဝမ်းသာပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် သရက်သီးကို အများဆုံးစိုက်ပျိုးပြီး နည်းပညာများ လိုအပ်နေပါသေးကြောင်း ဆွေးနွေးကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်မှ အဆွေတော်နှင့်တွေ့ဆုံရသည်မှာ အတိုင်းမသိ ဝမ်းသာပါကြောင်း၊ အဆွေတော်၏သတင်းကို မိမိ၏စီးပွားရေးမိတ်ဆွေတစ်ဦးမှ သိရှိထားပါကြောင်း၊ မိမိတို့ဒေသတွင် ထောပတ်ကို အဓိကစိုက်ပျိုးပါကြောင်း၊ ထောပတ်ကိုနောက်ထပ် အပင်(၅၀၀၀)စိုက်ပျိုးနေပြီး ဒေသထွက်မျိုးကို စမ်းသပ် စိုက်ပျိုးနေကြောင်း ဆွေးနွေးသွားသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဆွေတော်အဖွဲ့အား ကျေးဇူးအများကြီးတင်ရှိပါကြောင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 86 guests and no members online