ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ-၂၁

303

TSDP အစီအစဉ်အရကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲကို ဒီဇင်ဘာ(၂၀)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြို့နယ်ပေါင်းစုံအားကစား ပြိုင်ပွဲတွင်ပါဝင်သည့် အားကစားနည်းများမှာ ကျောင်းပေါင်းစုံဘောလုံး၊ တိုက်ကွမ်ဒို၊ ဖိတ်ခေါ်ဘော်လီဘော၊ မြန်မာ့သိုင်းပြိုင်ပွဲ၊ စက်ဘီး၊ ပြေးခုန်ပစ်၊ မီနီမာရသွန် ပြိုင်ပွဲစုစုပေါင်းအားကစားနည်း(၇)နည်း ပါဝင် ပါကြောင်း၊ အားကစားနည်း(၇)နည်းတွင် ဘော်လီဘောအားကစားနည်းတစ်ခုတည်းသာ အလွတ်တန်း ဖြစ်ပြီး ကျန်အားကစားနည်းများကို အသက်ကန့်သတ်ပြီးကျင်းပကြောင်း၊ အသက်(၁၆)နှစ်အောက် အားကစားနည်း(၃)နည်း(ဘောလုံး၊ တိုက်ကွမ်ဒို၊ မီနီမာရသွန်)နှင့် အသက်(၂၅)နှစ်အောက် အားကစား နည်း(၃)နည်း(စက်ဘီး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲတို့ဖြစ်ကြောင်း အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကရရှိခဲ့သည့် ရွှေတံဆိပ်(၄)ခုတွင် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားဖြစ်သည့် အားတီ(ခေါ်)ဖုန်းမြင့်ကျော်တစ်ဦးတည်းက ရွှေတံဆိပ်(၂)ခုရယူပေးခဲ့ပြီး နိုင်ငံတော်အတွက်အားထားရသည့် ဂုဏ်ဆောင်အားကစားသမားကို မွေးထုတ်ပေးခဲ့သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် များစွာဂုဏ်ယူရမည်ဖြစ်ကြောင်း မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု Township Sports Development (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲသည် ယခုချိန်ထိ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် (၃၅)ကြိမ်တိတိ ကျင်းပပြီးစီးခဲ့ကြောင်း၊ မြို့နယ်များမှ အုပ်ချုပ်သူ နည်းပြများအနေဖြင့် အားကစားသမားများ စည်းကမ်းရှိရှိနှင့် ကြိုးစားယှဉ်ပြိုင်နိုင်ရေးအတွက် အနီးကပ် ကြီးကြပ်ပေးရန်နှင့် ပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက်ကြမည့်ဒိုင်များအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ၂၀၁၉ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၀) ကြိမ်မြောက် အရှေ့တောင် အာရှဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ရွှေတံဆိပ်(၂)ခုယူ ပေးခဲ့သော မောင်ဖုန်းမြင့်ကျော်အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ ချီးမြင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အားကစားပြိုင်ပွဲများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်းခြောက်ရာကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်ပညာရေးကောလိပ်အား အားကစားပစ္စည်းများကို ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့မှ အသီးသီးချီးမြင့်ပေးကြသည်။ 

ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက Myanmar Fitness Danceအကဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး/ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် Myanmar Fitness Dance ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သော ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမား များက သရုပ်ပြသကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 96 guests and no members online

Latest Updates