ရှမ်းပြည်နယ်သတင်းများ

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်အသင်းတော်များမှ ဦးဆောင်ကျင်းပသော ခရစ္စမတ်မိတ်ဆုံစားပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၂၄

307

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်အသင်းတော်များမှ ဦးဆောင်ကျင်းပသော ခရစ္စမတ်မိတ်ဆုံ စားပွဲကို ဒီဇင်ဘာ(၂၃)ရက် ည(၆)နာရီက တောင်ကြီးမြို့ ပထမတိုင်းရင်းသား နှစ်ခြင်းခရစ်ယာန်ကျောင်း၌ကျင်းပသည်။

ခရစ္စမတ်မိတ်ဆုံစားပွဲတွင် ခရစ္စမတ်ကျင်းပရေးကော်မတီ ဆရာတော်ဦးအမ်ယောနမှ ကြိုဆိုနှုတ်ဆက်စကားပြောကြား ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ခရစ္စမတ်အကြို နှုတ်ခွန်းဆက်စကားပြောကြားရာ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ တွေးခေါ်ယူဆမှုအမျိုးမျိုးဖြင့် အတူယှဉ်တွဲနေထိုင်ကြသော လူ့အဖွဲ့အစည်းတွင် သဘောထား ပြည့်ဝသော လူပုဂ္ဂိုလ်များစွာလိုအပ်လှပါကြောင်း၊ သဘောထားပြည့်ဝသောလူများသည် ခြားနားသောလူများနှင့် အတူနေထိုင် သည့်အခါ ဘုံတူညီချက်ကိုကြည့်ရှုပြီး အတူနေထိုင်တတ်ကြကြောင်း၊ ဘုံတူညီချက်ကိုရှေးရှုလျှက် နေထိုင်သောသူများကြောင့် မည်သို့ပင်ခြားနားမှုရှိနေပါစေ၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် တန်ဖိုးထားမှုစသည့် မေတ္တာဓါတ်များစုစည်းကာ နိုင်ငံ မြို့ရွာများ ငြိမ်းချမ်းသာယာဝပြောစေကြောင်း၊ ယခုကျင်းပသော ခရစ္စမတ်အကြို မိတ်ဆုံစားပွဲသည် ကွဲပြားခြားနားမှုများ အကြားဘုံတူညီချက်များကို ပုံဆောင်သောအခမ်းအနားဖြစ်သောကြောင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကွဲပြားခြားနားမှုများ အကြား၊ အတူယှဉ်တွဲနေထိုင်ကြသောဘာသာတရားများအကြား အပြန်အလှန်သဘောများပွားများလာစေရန်နှင့် မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်ချမ်းမြေ့သာယာ၍ အမုန်းတရားကင်းဝေးပြီး မေတ္တာဓါတ်ပွားများပါစေရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်တို့က ခရစ္စမတ်လက်ဆောင်ပေးအပ်ရာ ဆရာတော်တစ်ပါးမှလက်ခံရယူကာ၊ ပထမတိုင်းရင်းသားပေါင်းစုံ နှစ်ခြင်းအသင်းတော်မှသံစုံကြူးဧခြင်း၊ ဘုန်းတော်ကြီးတင်ဖေမှ ဆုတောင်းမေတ္တာပို့သခြင်း၊ ဘာသာအသီးသီးများ ဖြစ်ကြသော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောကြားကြပြီး ပရိတ်သတ်များမှ ဓမ္မသီချင်း ကြူးဧခြင်းနှင့် ကောင်းချီးမင်္ဂလာခံယူခြင်း၊ ခရစ္စမတ်လက်ဆောင်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 156 guests and no members online