ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအဆိုပြုလွှာ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၂၄

308

၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်မဲခရိုင်ရုံး ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လွိုင်လင်ခရိုင်ရုံး ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် တင်ဒါအဆိုပြုလွှာဖွင့်ပွဲကို ဒီဇင်ဘာ(၂၄)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

တင်ဒါအဆိုပြုလွှာဖွင့်ပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမမှ တင်ဒါလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီအမည်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အချက်များရှင်းလင်း၍ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်မှ ကုမ္ပဏီများအား လုပ်ငန်းစံချိန်စံညွှန်းနှင့် အရည်အသွေးကောင်းမွန်စွာပြည့်မီ အောင်ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စွမ်လောင်ဟိန်းကုမ္ပဏီ၊ Mega Builder Co.,Ltd၊ ဝင်းထက်မြန်မာကုမ္ပဏီတို့မှ တင်သွင်းထားသည့် တင်ဒါအဆိုပြုလွှာများကို ပွင့်လင်းမြင်သာစွာဖြင့် အခမ်းအနားတက်ရောက်လာသူများ ရှေ့မှောက်တွင် ဖွင့်ဖောက်ပြီးအမှတ် ပေးစနစ်ဖြင့်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ တင်ဒါအဆိုပြုလွှာတင်သွင်းခြင်း၌ ကျောက်မဲခရိုင်၌ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် ကျောက်မဲခရိုင်ရုံး ခြံစည်းရိုးကာရံခြင်း မြေဧက(၀.၅၁၁)ဧကနှင့် (၄)လက်မအဝီစီတွင်း၊ ပြင်ပရေပိုက်လိုင်းသွယ်တန်း ခြင်း၊ အလိုအလျောက်ရေတင်စနစ်၊ ရေမြှုပ်မော်တာ၊ ရေစက်အိမ် စသည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊ လွိုင်လင်ခရိုင်ရုံး ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လွိုင်လင်ခရိုင်ရုံး (၉၀'×၄၂'-၆") RCC(၂)ထပ်၊ လွိုင်လင်ခရိုင်ရုံး ခြံစည်းရိုးကာရံခြင်း မြေဧက(၀.၇၈၀)ဧက၊ (၁၂၀၀၀)ဂါလံဆန့် မြေအောက်ရေသိုလှောင်ကန်၊ (၄)လက်မအဝီစိတွင်း၊ ပြင်ပ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အလိုအလျောက်ရေတင်စနစ်၊ ရေမြှုပ်မော်တာ၊ ရေစက်အိမ်စသည့်လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 142 guests and no members online