ရှမ်းပြည်နယ်သတင်းများ

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV အသိပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁

31

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး(၉)မျိုးကို အသုံးပြုပြီး အသက်(၅)နှစ်အောက် ကလေးများတွင် ဖြစ်တတ်သော ကူးစက် ရောဂါ (၁၁)မျိုးကြောင့် ဖြစ်ပွား၊ သေဆုံးမှုများ လျော့နည်းလာအောင် ကာကွယ်ပေးလျှက်ရှိကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ကာကွယ်နိုင်ခြင်းကြောင့် မိသားစုနှင့် ကလေးများအတွက် လူမှုရေး၊ စီးပွားရေး ပိုမိုတိုးတက်အောင်မြင်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ပြည်သူလူထုကလည်း အစွမ်းထက်သောကာကွယ်ဆေးများရရှိသောကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုလက်ခံလာပြီး၊ ပုံမှန်ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ဆေးသစ်တစ်မျိုး ဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး)နှင့် ယခင်ကသုံးကြိမ် ထိုးနှံပေး လျက်ရှိသည့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးကို ယခုအခါစတုတ္ထအကြိမ်အဖြစ် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် တွင် ထပ်မံထည့်သွင်းထိုးနှံနိုင်တော့မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းလာပြီး ကာကွယ်ဆေးအသစ်များ ထပ်မံထည့်သွင်းသည့်အချိန်များတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် တစ်ခုကို ပိုမိုအားကောင်းလာစေရန် အခမ်းအနားတက်ရောက်လာသူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အထူးဂရုပြု၍ ကြိုးစားဆောင်ရွက်သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်မှ 2019-nCoV ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း အသိပေးရှင်းလင်းပြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ဆောင်ရွက်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ရိုတာ ဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်ပွားမှုများအကြောင်း ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အသက် (၂) နှစ်ကလေးများအား ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် အသက် (၁)နှစ်ခွဲကလေးများအား ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ် ထိုးနှံနေမှုအား လိုက်လံကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates