မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၃

32

၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ (၂)ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စုပေါင်းထမနဲထိုးပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ စုပေါင်းထမနဲထိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဧည့်ပရိတ်သတ်များကို ထမနဲထုပ်များ ဝေငှခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် ဌာနဆိုင်ရာ (၁၄)ခုမှ ထမနဲထိုး၍ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)