ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNDP အဖွဲ့လက်ခံတွေ့ဆုံ

တောင်ကြီး     ဖေဖော်ဝါရီ - ၁၉

35

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့နှင့်အတူ ဖေဖော်ဝါရီ (၁၈)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် Call ခန်းမ၌ UNDP အဖွဲ့မှ Mr. Biploue ဦးဆောင်သောအဖွဲ့နှင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထို့သို့လက်ခံတွေ့ဆုံရာတွင် UNDP အဖွဲ့မှ Mr. Biploue က ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို UNDP အနေဖြင့် အင်းလေးကန်ကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ UNDP နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းလေးကန်အတွက် ဉပဒေများ ထုတ်ပြန်ထားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အင်းလေးကန်ဒေသအပြင် သီးခြားနေရာများရှိသည့် နေရာများကိုလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဘတ်ဂျက်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအပြင် သီးခြားအခြားအဖွဲ့များမှ ထောက်ပံ့မှုမျိုးရှိပါသလားသိချင်ပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုသိရှိရပြီး ၎င်းအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNDP မှ အဆွေတော်တို့အနေဖြင့် အင်းလေးကန်နှင့် ပတ်သက်၍ လာရောက်ရှင်းလင်းပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အင်းလေးကန်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ဥပဒေများလည်းရှိပြီးဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတခရီးစဉ်တွင် နိုင်ငံတော်သမ္မတကလမ်းညွှန်မှာကြားခဲ့ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် အဖွဲ့အစည်းများလည်းဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ UNDP မှ ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ငါးဖမ်းခြင်း၊ ရှော့တိုက်ခြင်းမရှိပါက အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် ယက်ကန်းရက်လုပ်ခြင်း၊  လက်မှုလုပ်ငန်းဖြစ်သည့်ဝါးလုပ်ငန်းသည် အဆင်ပြေပြီး အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်မှုကို အထောက်အကူဖြစ်ကြောင်း ဆွေးနွေးပြောကြား သွားပြီး အင်းလေးကန်နှင့်ပတ်သတ်သည့် တွေ့ရှိရသည့်အခက်အခဲများကို ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့မှ ဆက်လက် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွား သည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 69 guests and no members online

Latest Updates