ရှမ်းပြည်နယ်သတင်းများ

ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များအတွက် ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၄

41

Asia Foundation နှင့် Renaissance Institute တို့ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များ အတွက်ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စည်ပင်သာယာရေးမိသားစု၏ အကြီးအကဲများကို တစ်နေရာတည်း၊ တစ်စုတစ်စည်း တည်းတွေ့ရှိရသည့်အတွက် ကြည်နူးဝမ်းသာမိပါကြောင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြောင်းလဲ ဖြစ်ပေါ်လာသော နိုင်ငံရေးစနစ်အရ စည်ပင်သာယာရေးအဖွဲ့သည် ဒေသန္တရလုပ်ပိုင်ခွင့် အပြည့်အဝရရှိထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံရေးအပြောင်းအလဲ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း အကျိုး ကျေးဇူးများကို စည်ပင်သာယာရေးအဖွဲ့က လက်တွေ့ခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်သော မြို့ပြ ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းပေးရန် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွင့်အရေးကို အမိအရအသုံးချနိုင်ရန် အရေးကြီး ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖော်ညွှန်းနိုင်သည့်နည်းတူ မြို့ပြစနစ် အားကောင်းလာ နိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုမှ အပ်နှင်းလိုက်သည့် ဒေသန္တရလုပ်ပိုင်ခွင့်အာဏာကို အကောင်းဆုံး ချိန်ညှိကိုင်တွယ်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသော စည်ပင်သာယာရေး အုပ်ချုပ်မှုစနစ်တစ်ခုကို ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်း ပြောကြားသွားပြီး၊ (၃)ရက်တာကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ သင်ယူ ရရှိမှုများနှင့် အနာဂတ်အခွင့်အလမ်းများကို အချင်းချင်းမျှဝေပြီး သင်ခန်းစာများ ဖော်ထုတ်ပေးကြရန်နှင့် နိုင်ငံအတွင်းဖြစ်ပေါ် နေသော မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်သူများကိုတင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးကြ ရန်ပြောကြားသွားသည်။

ဆက်လက်၍ Renaissance Institute မှဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာအောင်ကိုကိုမှ ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားပြီး Asia Foundation အစီအစဉ်မန်နေဂျာ ပီတာရိတ်စ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ စတုတ္ထအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုပြန်လည်ခြုံငုံသုံးသတ်ပြီး၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုနှင့် နေပြည်တော်မှ မြို့တော်ဝန်များ၊ စည်ပင်သာယာရေးဝန်ကြီးများ၊ ပြည်နယ်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များမှ ညွှန်ကြားရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 89 guests and no members online

Latest Updates