ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများဖြင့်တွေ့ဆုံပွဲ

တောင်ကြီး       မတ်   ၆

44

          ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသရှိ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့်လူထုတွေ့ဆုံပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကဒူးကြီးအုပ်စု၊ ဘန်းမတ်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပခဲ့သည်။

         အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးတင်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး ခွန်သူရိန်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကဒူးကြီးဒေသ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့်ငြိမ်းချမ်းရေးမိတ်ဆက်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီးခွန်သူရိန်က ဒေသ၏လိုအပ်ချက်များကို တင်ပြ တောင်းဆို ခဲ့ပြီး၊ တက်ရောက်လာသော ကဒူးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝေခွန်သာက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ကျေးရွာ၏လိုအပ်ချက်များကို တင်ပြထောက်ခံခဲ့သည်။ တင်ပြထောက်ခံချက်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဧည့်သည်တော်များက လိုအပ်ချက်များအား ဖြည့်စွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေ များပေးအပ်ပြီး၊ ကဒူးကြီးအုပ်စု၊ ဘန်းမတ်ကျေးရွာ၊ အခြေခံပညာကျောင်းအတွက် စာအုပ်ဒါဇင် ၂၀၀ ဒါဇင်အား လှူဒါန်းပေးခဲ့သည်။ 

စိုင်းသန်းကျော်(တောင်ကြီး)