ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ ဆီဆိုင်မြို့နယ် နောင်ထော်စာသင်ကျောင်းအတွက် အလှူငွေပေးအပ်ပွဲ

တောင်ကြီး မတ်   ၆

43

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာတွင် ရှမ်းပြည်နယ် အစိုးရမှ ထောက်ပံ့ငွေပေးအပ်ပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နောင်ထော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နောင်ထော်စာသင်ကျောင်း၌ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များတို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက်စကားပြောကြား ပြီးအလှူငွေများကို ပေးအပ်ရာတွင် ပြည်နယ်ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က ကျောင်းဆောင်ပြုပြင်ရာတွင် ထောက်ပံ့ငွေကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းက အလှူငွေသိန်း၃၀ကို လက်ခံရယူခဲ့ကြောင်းသိရှိရသည်။ မီးလောင်သည့် ကျောင်းအဆောက်အဦကို ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များကလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 74 guests and no members online

Latest Updates