(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၃

67

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ  ၃ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ဧည့်ခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရိပ်သာ(၂)လမ်းနေ ဦးမျိုးမင်းစိုးနှင့် ဦးစိုးသိန်းအောင် မိသားစု ငွေဆင်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၃၀)၊ ဦးမင်းဟန် (Royal Taunggyi Hotel)မှ အလှူငွေကျပ်(၁၅)သိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)