ရှမ်းပြည်နယ်သတင်းများ

အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီသည့်ပစ္စည်းများ ထုတ်ပိုးနေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

တောင်ကြီး ဧပြီ  -  ၁၀

73

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ အလှူရှင်များမှ လာရောက်လှူဒါန်းခြင်းနှင့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့်ပစ္စည်းများ ထုတ်ပိုးနေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ဧဒင်အုပ်စုကုမ္ပဏီလီမိတက်နှင့် ညီနောင်ကုမ္ပဏီများဖြစ်သော မြန်မာ့ရှေ့ဆောင်ဘဏ်၊ DENKO Trading Co,. Ltd.နှင့် ကဉ္စနကျွန်းသာ (Gold Delta Co,. Ltd.)တို့မှ ဆန်အိတ် (၁၀၀၀)ကိုလည်းကောင်း၊ IGE Co,. Ltd. မှ COVID-19 ကာကွယ်ကုသရေးအတွက် သိန်း (၃၂၀)တန်ဖိုးရှိ Ventilator (၂)လုံးကိုလည်းကောင်း အသီးသီးလှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန် ထုပ်ပိုးနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်ပစ္စည်းများကို ယနေ့မှစတင်၍ တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြသာစည်၊ ရတနာသီရိရပ်ကွက်ရှိ စုစုပေါင်း လူဦးရေ(၁၀၀၃)ဦးကို တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)သား၊ ကုလားပဲ (၁)ပိဿာ၊ ဆား (၅၀)သား၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုထောက်ပံ့မှုသည် မြေပြင်စာရင်းအရ ဖြစ်ကာ လိုအပ်သည်များရှိပါက စာရင်းပြန်လည်ပြုစု၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 118 guests and no members online

Latest Updates