ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်(မြောက်ပိုင်း}ရှိကျန်းမာရေးဌာနများသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ(COVID-19) ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းများပေးအပ်

 

နောင်ချို ဧပြီ  -     ၁၃

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်ရှိနောင်ချိုမြို့နယ်၊ တောင်ရှည်တိုက်နယ်ဆေးရုံ၊ ကံကြီး ကျေးလက်ကျန်းမာရေးဌာန၊ နောင်ချိုပြည်သူ့ဆေးရုံတို့သို့ ဧပြီ(၁၃)ရက် နံနက်(၁၀) နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ (COVID-19)ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

နောင်ချိုမြို့နယ်တောင်ရှည်တိုက်နယ်ဆေးရုံတွင် mask၊ HandGel၊ PPE ဝတ်စုံ လက်သန့်ဆေးရည်နှင့် တာဝန်ကျဆရာမများလိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်ငွေကျပ်(၅)သိန်း၊ ကံကြီး ကျေးလက်ကျန်းမာရေး ဌာနတွင် maskနှင့်ငွေကျပ်(၃)သိန်း၊ နောင်ချိုပြည်သူ့ဆေးရုံတွင်mask နှင့်ငွေကျပ်(၅)သိန်း၊ ကျောက်မဲမြို့နယ်ရှိ နောင်ပိန်တိုက်နယ်ဆေးရုံအတွက် (COVID-19)ရောဂါကာကွယ်ရေးအတွက် PPEဝတ်စုံ၊ mask၊ HandGel လက်သန့်ဆေးရည် နှင့်ငွေကျပ်(၅)သိန်း၊ ကျောက်မဲမြို့၊ မြို့နယ်ခန်းမတွင်ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (ကမ္ဘောဇဘဏ်)မှကျောက်မဲမြို့အတွက်ဆန်အိတ်(၅၀၀) တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းတို့မှပေးအပ်ရာ တာဝန်ရှိသူများကအသီးသီးလက်ခံရယူကြကြောင်း သိရှိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောက်မဲပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွေ့လျားဓါတ်မှန်စက်ဝယ်ယူရန်အတွက် ငွေကျပ်သိန်း(၁၄၀)ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှပေးအပ်ရာ မြို့နယ်ဆေးရုံအုပ်ကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည်ကျောက်မဲမြို့နယ်၊ လွယ်ခေါ့ကျေးလက်ကျန်းမာရေးဌာနတွင်(COVID-19) ရောဂါကာကွယ်ရေးအတွက်PPEဝတ်စုံ၊ mask၊ HandGel၊ လက်သန့်ဆေးရည်တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူသည်။ 

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သီပေါမြို့နယ်၊ ဘော်ကြိုကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ပြီးCovid-19ရောဂါကာကွယ်ရေးအတွက် PPEဝတ်စုံ၊ HandGel၊ လက်သန့်ဆေးရည်၊ mask နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှငွေကျပ်(၃)သိန်း တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ကျဆရာမကလက်ခံရယူပြီး သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် Covid-19 ရောဂါကာကွယ်ရေးအတွက်PPEဝတ်စုံ၊ mask၊ HandGel၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဖြန်းဆေး၊ လည်ရှည်ဖိနပ်နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ်(၅)သိန်းတို့ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 100 guests and no members online