ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင်ပြည်သူများအားစျေးနှုန်းချိုသာစွာဖြင့်စားသောက်ကုန်များရောင်းချပေး

လားရှိုး ဧပြီ    - ၁၄

 75

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်ဧပြီ(၁၄)ရက် နံနက်ပိုင်းက နယ်မြေ(၉)ရပ်ကွက်(၁)၌ လားရှိုး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ၊ စည်ပင်သာယာရေးကော်မတီ၊ တစ်သီးပုဂ္ဂလိလ်ကတို့ပူးပေါင်း၍ စားသောက်ကုန်များကိုစျေးနှုန်းချိုသာစွာပြည်သူများအား ရောင်းချပေးနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဆက်လက်၍ လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အလှူရှင်များ မှလှူဒါန်းပေးသည့်အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် တက်ရောက်အမှာစကားပြောရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ လာရောက်ရခြင်းမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများ၊ နိုင်ငံဝန်ထမ်းများအား အားပေးရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့သို့လာရောက်သည့် ခရီးတစ်လျှောက်ရှိနောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများကိုလည်း(COVID-19) ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းရှမ်းပြည်နယ် (မြောက်ပိုင်း)Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် ဒေသခံအလှူရှင်များမှလည်း လှူဒါန်းပေးကြမည်ဖြစ်ကြောင်းပြောကြားသွားသည်။

ထို့နောက်အလှူရှင်များမှ(COVID-19) ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်ရန် ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကောမတီ(ကမ္ဘောဇဘဏ်)မှ ဆန်အိတ်(၁၅၄၀)၊ ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့မှVentilator (၁)ခု၊ Ever Shine Co.,Ltdမှ Patient Monitor(A)(၁)ခု၊ Patient Monitor(E)(၃)ခု၊ OXygen Cylinder (၅)ခု၊ Enterainment မိသားစုမှColumn-Type Automatic Disinfection Thermometer(၁)ခု၊ Mask(၁၆၀၀၀)ခု၊ HandGel(၂၈၀)ဗူး၊ အဖျားတိုင်းစက်(၁၀)ခု၊ Conerstone Resources MyanmarCo.ယLtdမှ GOODYပဲဆီသန့်(၅၀၀၀)လီတာ? ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ Ventilator(၁)ခု၊ N95mask(၅၀)ခု၊ PPEဝတ်စုံ(၁၀၀)ထည်၊ အပူချိန်တိုင်းစက်(၁)ခု၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာများမှ PPEဝတ်စုံ(၂၀၀)ထည်၊ တွဲဖက်ပြည်နယ်ညွှန်ကြားရေးမှူးရုံး(မြို့ပြ)လမ်းဦးစီးဌာနညွှန် ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော်ဝင်းမှ Patient Monitor(A)(၁)ခု၊ Shinning Myanmar Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ်မှ Sodium Hypochlorite 12%(၂၀)လီတာ(၁၀၀)ပုံး အသီးသီးလှူဒါန်းပေးကြရာရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက လက်ခံရယူပေးပြီး၊ ဂုဏ်ုပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြသည်။ 

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည်လားရှိုးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ဖွင့်လှစ်ထားသော နေရပ်ပြန်(၁၄)ရက်ကြာ စောင့်ကြည့်ပြည်သူများအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။ 

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် သိန္နီမြို့သို့ရောက်ရှိပြီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကောင်းအိုင်ကျေးရွာအုပ်စု အိမ်ထောင်စု(၂၀)၊ မိုင်းယန်းကျေးရွာအုပ်စု အိမ်ထောင်စု (၁၆)စုအတွက်သင်္ကြန် ရုံးပိတ်ရက်ကာလရှည်အတွင်း အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သောကစ္စည်း (၅)မျိုးဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၅)သိန်းပေးအပ်ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းရီမှ လက်ခံရယူ၍ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အသက်ကြီးသောအခြေခံလူတန်းစား အိမ်များသို့ကိုယ်တိုင် အိမ်အရောက် ထောက်ပံ့ပေးပြီး၊ သိန္နီ ပြည်သူ့ဆေးရုံ၌ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာကော်မတီနှင့် အလှူရှင်များမှ လှူဒါန်းပေးကြသော(COVID-19) ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်ရန်PPEဝတ်စုံ၊ mask နှင့်ကွတ်ခိုင်ပြည်သူ့ ဆေးရုံတွင်PPEဝတ်စုံ၊ mask၊ ပိုးသတ်ဆေးဖြန်းဆေး တို့ကိုပြည်နယ်ဝန်ကြီးများကလှူဒါန်းပေးပြီး ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အခြေခံလူတန်းစားများအတွက်နိုင်ငံတော်မှ ထောက်ပံ့သည့်ပစ္စည်း(၅)မျိုးဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးထံပေးအပ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှပေးအပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ ဆေးရုံအုပ်ကလက်ခံရယူကြောင်းသိ ရှိရသည်။

 ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွတ်မြို့မှလားရှိုးမြို့သို့ ရောက်ရှိပြီး၊ လားရှိုးမြို့၊ နယ်မြေ(၅)၊ ရပ်ကွက်(၁၂)နေပြည်သူများအား အခြေခံလူတန်းစားများအတွက်နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲတို့ကို အိမ်အရောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပေးအပ်နေမှုကိုတက်ရောက်အားပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာရာ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့များကကြိုဆိုကြပြီး၊ တပ်အတွင်း (COVID-19) ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအား လိုက်လံရှင်းလင်းကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့၊ ရပ်ကွက်(၄)ရှိ အခြေခံလူတန်းစားများအတွက်နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ တို့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးမှထောက်ပံ့ပေးအပ်နေမှုအား တက်ရောက်အားပေးကာ အာရုဏ်ဦးပရဟိတ၌အခြေခံလူတန်းစား ပြည်သူများအားထောက်ပံ့ပေးရန် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ ပစ္စည်းများပြင်ဆင်ထားရှိမှုကို ဝင်ရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 102 guests and no members online