ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်ရှိနမ့်ပေါင်ရွာနှင့်မိုင်းရယ်မြို့တွင်ကိုဗစ်-19အတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်

လားရှိုး ဧပြီ -၁၅

1

ကိုဗစ်-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဧပြီ(၁၅)ရက် နံနက်ပိုင်းကရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ရှိ နမ့်ပေါင်ကျေးရွာ၌ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်းမှုဖြင့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ကော်မတီ(ကမ္ဘောဇဘဏ်)နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက် mask၊ PPEဝတ်စုံ၊ လက်အိတ်၊ သာမိုမီတာ၊ ပိုးသတ်ဆေးရည်၊ ဆေးဖြန်းပုံးတို့ကို ပေးအပ်ခဲ့ရာ နမ့်ပေါင် တိုက်နယ်ဆေးရုံမှ တာဝန်ရှိသူက လက်ခံရယူကြောင်းသိရသည်။

 ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မိုင်းရယ်မြို့သို့ရောက်ရှိ   လာပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သင်္ကြန်ကာလရုံးပိတ်ရက်ရှည်အတွင်း နိုင်ငံတော်မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ ပစ္စည်း(၅)မျိုးတို့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပြည်သူများထံပေးအပ်နေမှုကို တက်ရောက်အားပေးကြသည်။

 ထို့နောက်မိုင်းရယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက် mask၊ PPEဝတ်စုံ၊ လက်အိတ်၊ သာမိုမီတာ၊ မျက်မှန်၊ ဆေးဖြန်းပုံး၊ ပိုးသတ်ဆေးရည်နှင့်ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ် (၅)သိန်း တို့ကိုပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ တို့မှထောက်ပံ့ပေးအပ်ရာ မိုင်းရယ် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကလက်ခံရယူ ကြောင်းသိရသည်။

၎င်းနောက်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ကောင်းလန်းရွာ  ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ(ကမ္ဘောဇဘဏ်) နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ကကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်mask၊ မျက်မှန်၊ လက်အိတ်၊ သာမိုမီတာ၊ HandGel၊ လက်သန့်ဆေးရည်၊ လည်ရှည်ဖိနပ် တို့ကိုပေးအပ်ရာ တာဝန်ရှိဆရာမကလက်ခံရယူပြီး၊ ကျေးသီးမြို့ပြည်သူ့ ဆေးရုံ၌လည်းကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်mask၊ HandGel၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ သာမိုမီတာ၊ လက်သန့်ဆေးရည်၊ မျက်မှန် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ ငွေကျပ်(၅)သိန်းတို့ကိုပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများတို့မှ ပေးအပ်ရာ မြို့နယ်ဆေးရုံတာဝန်ရှိသူများက လက်ခံရယူကြောင်းသိရသည်။

 ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ပန်ကေတုကျေးလက်ကျန်းမာရေးဌာနတွင် ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်၍လည်းကောင်း  မိုင်းကိုင်မြို့ပြည်သူ့ဆေးရုံ၌ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် အလှူရှင်များမှ လှူဒါန်းသော ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများကို ပြည်နယ်ဝန်ကြီးများက ပေးအပ် လှူဒါန်းပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာမြို့နယ်ပြည်သူ့ဆေးရုံအုပ်က လက်ခံရယူကြောင်းသိရသည်။ 

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လဲချားမြို့နယ် ပြည်သူ့ဆေးရုံနှင့်မိုင်းရှူးမြိူ့နယ်ပြည်သူ့ဆေးရုံတို့ကိုလည်း ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

 09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 168 guests and no members online