ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်

ကျိုင်းတုံ ဧပြီ - ၁၇

78

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နှင့်တုံတာမြို့တွင် ဧပြီ (၁၇)ညနေ့ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများပေးအပ်ကြောင်းသိရသည်။

 မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်mask၊ PPEဝတ်စုံ၊ Hand Gel လက်အိတ်၊ မျက်မှန်၊ အပူချိန်တိုင်းကိရိယာတာမိုမီတာ၊ လက်သန့်ဆေးရည်၊ လည်ရှည်ဖိနပ်တို့ကို ပြည်နယ်ဝန်ကြီးများမှထောက်ပံ့ပေးအပ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ကျဆရာမများအား လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကပေးအပ်ရာ ဆေးရုံမှတာဝန်ရှိ ဆရာဝန်တစ်ဦးမှ လက်ခံရယူကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တုံတာပြည်သူ့ဆေးရုံ၌လည်း ကိုဗစ်-19 ရောဂါကာကွယ်ရေး အတွက်mask၊ PPEဝတ်စုံ၊ မျက်မှန်၊ Hand Gel၊ လက်အိတ်၊ လည်ရှည်ဖိနပ်နှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်(၃)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943