ရှမ်းပြည်နယ်သတင်းများ

မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ်ဆေးရုံများသို့ ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်

မိုင်းဖြတ် ဧပြီ-၁၉

80

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ် ပြည်သူ့ဆေးရုံများသို့ ဧပြီ(၁၉)ရက်နံနက်ပိုင်းက COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးထောက်ပံ့ပစ္စည်းများပေးအပ်ကြောင်းသိရသည်။ 

မိုင်းဖြတ်ပြည့်ဆေးရုံ၌ Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်နှင့် တာဝန်ကျဆရာမများအတွက် ကြက်ဥ၊ ကုလားပဲ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် ဆေးရုံတွင် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ ပေးအပ်ရာ ဆေးရုံရှိ ဆရာဝန်/ ဆရာမများက လက်ခံရယူကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မိုင်းယောင်း ပြည်သူ့ဆေးရုံ၌ Mask၊ PPE ဝတ်စုံ၊ Hand Gel၊ လက်သန့်ဆေးရည်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကိုပေးအပ်ရာ တာဝန်ရှိဆရာဝန်/ဆရာမများက လက်ခံရယူသည်။

ထို့နောက် တာလေနှင့် တာချီလိတ်ရှိ ခုတင်(၁၀၀)ဆံဆေးရုံများအတွက် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းသားလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်ရာ ဆရာဝန်/ဆရာမများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဆေးရုံရှိ ဆရာဝန်/ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 143 guests and no members online