COVID-19နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်းဆက်သွယ်နိုင်ရန် မီဒီယာများအားရှင်းလင်း

တောင်ကြီး ဧပြီ   -   ၂၈

83

တောင်ကြီး ဧပြီ   -   ၂၈

ရှမ်းပြည်နယ်အတွင်း (COVID−19)ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးတွင် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်ရန်အတွက် ဧပြီ(၂၇)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မီဒီယာများအား ရှင်းလင်းကြောင်းသိရသည်။

COVID-19ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက (COVID-19)ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ၊ ဆေးရုံနှင့်ဆရာဝန်အမည်များအား မီဒီယာများကိုရှင်းလင်းပြီး ဆုံးဖြတ်ချက်(၇)ချက် ဖြစ်သည့် ICU/Isolation Ward/Quarantine Ward ရှိလူနာများနှင့် ဝန်ထမ်းများ အာဟာရ ကျွေးမွေးနိုင်ရေးအတွက် အစီအမံ ရေးဆွဲဆောင်ရွက်ရန်၊ Hospital Quarantine / Isolation Ward တက်ရောက်နိုင်သည့် စံသတ်မှတ်ချက်များ သိရှိနိုင်ရေး၊ ထင်သာမြင်သာကြော်ငြာပေးရန်၊ COVID-19 အရေးပေါ်ကာလဖြစ်သဖြင့် မလိုအပ်ဘဲ ကူးစက်မှုမခံရစေရေး သတိထား ဆောင်ရွက်ရန်၊ (OPDရှေ့တွင် ကြော်ငြာပေးရန်) မြန်မာနိုင်ငံဆရာဝန်အသင်း Volunteer များအခမဲ့ဆေးကုခန်း ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိဆန္ဒဖြင့် Hotel Quarantine ဝင်လိုသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံ ဆင်းပါက Hotel/Gust House Quarantine များညှိနှိုင်းစီစဉ်ပေးရန်၊ ပြည်နယ်ကျန်းမာရေး/Designated Hospital များသို့ သက်ဆိုင်ရာအကြောင်းအရာအလိုက် ဆက်သွယ်ရမည့် တာဝန်ခံများနှင့် ဖုန်းနံပါတ်များ ကြေညာပေးရန်၊ (ဆေးရုံတက် အတည်ပြုလူနာကိစ္စ/ထိတွေ့သူများကိစ္စ/Quarantine ထားသူများကိစ္စ/ သံသယဆေးရုံတက်/ဓာတ်ခွဲကိစ္စ) မြို့နယ်အလိုက် COVID-19 သံသယလူနာရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ တစ်ဆင့် Designated Hospital ထံကြိုတင်ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်မှ နေရပ်ပြန်များ Quarantine ထားရှိမည့်ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။ အဆိုပါ COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆေးရုံတက် လူနာများအားမေးမြန်းနိုင်ရန်၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍မေးမြန်းနိုင်ရန်၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သတ်၍ မေးမြန်းနိုင်ရန်၊  မြို့နယ်ဆေးရုံများတွင် တက်ရောက်သော သံသယလူနာများ၏ သတင်းမေးမြန်းနိုင်ရန်အတွက် ဖုန်းနံပါတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံကြီး ဒေါက်တာဝေဝေမွန် (09-259172796)၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး ဒေါက်တာဝတ်မှုံ (09-402540805)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံကြီး ဒေါက်တာဉာဏ်မြင့် (09-257200007)၊ မူဆယ်ဆေးရုံကြီး ဒေါက်တာဟန်နိုင်စိုး (09-402420437)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံဆေးရုံကြီး ဒေါက်တာလှဌေးမင်း (09-400696674)၊ တာချီလိတ်ဆေးရုံကြီး ဒေါက်တာရွှေဝင်း (09-402517426)၊ ဓာတ်ခွဲစစ်ဆေးမှုများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဒေါက်တာနှင်းအိဖြူ (09-400709017)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေါက်တာလှထွန်း (09 -255771524)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေါက်တာဘစိုးသက် (09-5278105)၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာဇဝနကို (09-787944525)၊ (ရှမ်းမြောက်)တွင် ဒေါက်တာဒန်နီလင်း (09-259076200)၊ (ရှမ်းရှေ့)တွင် ဒေါက်တာဘစိုးသက် (09-5278105)၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာ ဟန်ထူးအောင် (09-43060078)၊ (မြောက်ပိုင်း) ဒေါက်တာရဲညွန့် (09-256056363)၊ (အရှေ့ပိုင်း)တွင် ဒေါက်တာနန်းဆောင်ခမ်း (09-5252832)၊ ဖုန်းနံပါတ်တို့အား ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် Hotel Quarantine ထားရှိနိုင်မည့် ဟိုတယ်များမှာ မူဆယ်တွင် စိန်းရတနာ၊ မူဆယ်ဒိုင်းမွန်း၊ လားရှိုးတွင် နယူးပဲလေ့စ်၊ နောင်ချို ကလောတွင် Essence Motel၊ တောင်ကြီးတွင် ချယ်ရီကွင်း၊ BH Hotelတို့ဖြစ်ပြီး စားသောက်မှုသည်မိမိအစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃