ရှမ်းပြည်နယ်သတင်းများ

(COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

တောင်ကြီး ဧပြီ   −   ၂၉

86

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၀)ကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်း တစ်ခုပါဝင်နေသောကြောင့် Wi-fi စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များအားလုံးသည် တစ်ပတ်တစ်ခါ ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ပထမ အကြိမ်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အသိပညာပေးလုပ်ငန်းများတွင် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံရှိသောကြောင့် စာဖြင့်သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီ၏ လိုအပ်ချက်များဖြစ်သော Hand Speaker များကို ကော်မတီမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးသွားကာ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 88 guests and no members online