ရှမ်းပြည်နယ်သတင်းများ

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်

နမ့်စန် မေ-၄

90

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၌မေ(၂)ရက်နေ့ညနေ့(၃)နာရီက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းမုန်းတိုင်းတိုတ်ခတ်ခြင်း သဘာဝဘေးဒဏ်ကြောင့်ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်း၊ နေအိမ်များ၊ အုတ်တံ တိုင်း၊ ဖုန်းတိုင်၊ သစ်ပင်များ လဲပြိုခြင်း သွပ်မိုးများလန်၍ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မေ(၄)ရက် နံနက် (၁၁)နာရီက နမ့်စန်မြို့အမှတ်(၉)ရွာ၌ ပျက်စီးဆုံးရှုံးမှုအတွက် အိမ်ထောင်စုဝင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ထောက်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်(၃၄၄)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၆)ကျောင်း၊ သီလရှင်ကျောင်း(၁)ကျောင်းတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ် (၁၂၆၃၀၀၀ဝိ/-)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကပေးအပ်ရာ နမ့်စန်ုမြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံ၍လည်းကောင်း၊ ကမ္ဘောဇ ဘဏ်မှသွပ်အချပ်(၃၀၀၀)၊ မတ်ကျန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးလင်းဆိုင်မှ သွပ်အချပ်(၅၀၀)၊ ဟိုမိန်းပြည်သူ့စစ် (ဌာနေ)အဖွဲ့ဥက္ကဋ္ဌဥ ဦးမဟာဂျာအားအမှူးထား၍ ဦးစိုင်းကျော်လေး+ဒေါ်နန်းမီးငယ် ဦးစိုင်းနောင့်+ဒေါ်နန်းဆိုင်ငင်းမိသားစုမှ အလှူငွေကျပ်(၃၃)သိန်းပေးအပ်ရာတာဝန်ရှိသူများမှအသီးသီးလက်ခံရယူသည်။

ဆက်လက်၍မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးသွားသည့် အိမ်စု(၁၃)စုတို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထောက်ပံ့ပစ္စည်းနှင့် ငွေကျပ်(၁)သိန်းစီရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၁)သိန်းစီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ဗာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများကအသီးသီး ပေးအပ်ကြရာ ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၁၃)စုဝင်များမှလက်ခံရယူပြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန(ဘေးစီမံ)မှ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ငွေကျပ် (၂၈၅၉၉၃၀ဝိ/-)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပေးအပ်ပေးရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များအား လိုက်လံကြည့်ရှုပြီး၊ နမ့်စန်(၁၀)မိုင်ကုန်းရှိ ဂေါ်ရခါးဘုရားကျောင်းဝင်းအတွင်း၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လေပြင်းတိုက်ခတ် မှုကြောင့်ပြိုလဲပျက်စီးသွားသည့်သစ်ပင်များကို ရှင်းလင်းပေးနေသည့် တပ်မတော်သားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 109 guests and no members online