ရှမ်းပြည်နယ်သတင်းများ

ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးနိုင်ပြီး အသစ်ဖြေဆိုမည့် ယာဉ်မောင်းလိုင်စင်များ ခေတ္တ ဆိုင်းငံ့ထားမည်

တောင်ကြီး ဇွန် - ၈

115

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်မှစ၍ အများပြည်သူများအား ဝန်ဆောင်မှုပေးနေသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသည် ခေတ္တပိတ်ထား ရပြီး ယခု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ဇွန်လ ၈ ရက်နေ့မှစ၍ ရုံးများ ပြန်လည်ဖွင့်လှစ်ကာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို စတင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသည် အများပြည်သူနှင့် ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းများဖြစ်ပြီး Covid-19 ရောဂါအခြေအနေ ကူးစက်ပြန့်ပွားမှုမရှိအောင် ထိန်းချုပ်သည့်အနေဖြင့် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၏ အများပြည်သူအား ဝန်ဆောင်မှုပေးနေမှုကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ခေတ္တပိတ်ထား ပါတယ်၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကျွန်တော်တို့ ရုံးချုပ်က ဧပြီလကုန်မှာ စီမံချက် ဆွဲခိုင်း ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်းဖြစ်အောင် လုပ်ငန်းဆောင်ရွက်မည့်သူများ၏ အကွာ အဝေး၊ ဝန်ထမ်းများ၏ အကွာအဝေးနှင့် လိုအပ်မည့် Mask၊ လက်ဆေး Hand Gel၊ လက်အိတ်၊ လက်ဆေးကန် စသည်တို့ ကို ပြင်ဆင်ခဲ့ပါတယ်၊ မိမိတို့ လုပ်ငန်းများကို တစ်လလောက် စတင်ပြင်ဆင်ခဲ့ပြီး ရုံးချုပ်ကို ဓါတ်ပုံမှတ်တမ်း စသည်ဖြင့် အစီရင်ခံရပါတယ်၊ ဒီနှစ် ဇွန်လ ၈ ရက်နေ့မှစတင်ပြီး ရုံးဖွင့်လှစ်၍ ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက် ပေးပါတယ်၊ ယာဉ်မောင်းလိုင်စင်လုပ်ငန်းတစ်ခုကို ခေတ္တပိတ်ထားပါတယ်၊ အဲ့ဒါကတော့ ယာဉ်မောင်းလိုင်စင်အသစ် ဖြေမည့်လုပ်ငန်းပါ၊ ကျွန်တော်တို့ လုပ်ငန်းများကိုတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်မှစတင်၍ ခေတ္တပိတ်ထားပြီး မတ်လ ၃၀ ရက် ၂၀၀၀ ခုနှစ်မှ ဧပြီလ ၂၀၀၀ ခုနှစ်အထိ သက်တမ်းကုန်ဆုံးသွားသည့် ကား၊ ဆိုင်ကယ်များကို ၂၀၂၀ ပြည့် နှစ်၊ ဇွန်လ ၈ ရက်မှစ၍ ဇူလိုင်လကုန်အထိ သက်တမ်းတိုး ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ၃ လအတွင်း ဆောင်ရွက်ရန်နှင့် မေလ ၂၀၀၀ အတွင်း သက်တမ်းကုန် ယာဉ်များ ၈ လပိုင်းကုန်အထိ ဆောင်ရွက်ရန်နှင့် ဇွန်လ ၂၀၀၀ သက်တမ်းကုန်ယာဉ် များ ၉ လပိုင်းကုန်အထိ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ၃ လလောက်အချိန်ပေးထားပြီး ယာဉ်ပိုင်ရှင်များ ၃ လ မကျော်စေရန် ဂရုစိုက်ရမှာဖြစ်ပါတယ်၊ ဒီထက်ကျော်ပါက လုပ်ငန်းဖြေလျော့မှုအတွက် လုပ်ငန်းများ ခေတ္တရပ်နားထားသည့်အချိန်အတွင်း သက်တမ်းကျော်များကို ဒဏ်ငွေ ကောက်ပါတယ်၊ ဒါပေမယ့် ဖြေလျော့ပေးထားပါတယ်၊ ၃ လအတွင်း မဆောင်ရွက်ပါက ဒဏ်ငွေ ဆောင်ရမည်ဖြစ်ပါတယ်၊ ယာဉ်မောင်းလိုင်စင်များလည်း သတ်မှတ်ထားသည့်ကာလအတွင်း သက်တမ်းလာတိုး ရန်နှင့် ဒဏ်ငွေ ကောက်ခံမည်မဟုတ်ကြောင်း၊ ၃ လကျော်ပါက ဒဏ်ငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း” ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၈ ရက်မှစ၍ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးနိုင်ရန်အတွက် ပြည်သူများအား Covid-19 ရောဂါကာကွယ်မှုအနေဖြင့် လုပ်ငန်းလာရောက်ဆောင်ရွက်မည့် သူများကို ရုံးအတွင်းသို့ တစ်ဦးသာ ဝင်ရောက်ရန်၊ လိုအပ်ပါက ယာဉ်စစ်ဆေးမည့်နေရာသို့ ယာဉ်မောင်း(၁)ဦးနှင့် လုပ်ငန်း ဆောင်ရွက်သူ (၁)ဦး၊ စုစုပေါင်း (၂)ဦး သတ်မှတ်ထားပြီး ရုံးအတွင်းသို့ လက်ဆေးပြီးမှ ဝင်ရန်၊ Mask တပ်ဆင်ရန်၊ ကိုယ်အပူချိန် တိုင်းတာမှုခံယူရန်၊ သတ်မှတ်အပူချိန်ထက် မြင့်မားနေသူများ ဝင်ရောက်ခွင့်မပြု၊ အမှတ်အသားပြုထားသည့် သတ်မှတ်နေရာများ၌သာ တန်းစီခြင်း၊ စောင့်ဆိုင်းခြင်း ပြုလုပ်ကြရန်၊ ယာဉ်စစ်ဆေးခွင့် မှတ်ချက်ယူပြီးသော ယာဉ်များသာ ယာဉ်စစ်ကွင်း၌ စနစ်တကျ တန်းစီရန်၊ ဝန်ထမ်းများ၏ ပြောဆိုမေတ္တာရပ်ခံချက်များကို အလေးထားဂရုပြုရန်၊ အမှုတွဲနှင့် စာရွက်စာတမ်းများကို ပြန်လည်လက်ခံရယူရေးအတွက် သတ်မှတ်နေရာများ၌ စနစ်တကျ စောင့်ဆိုင်းကြရန်၊ အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် Covid-19 ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးအပေါ် ဆောင်ရွက်ကြရန် အသိပေးစည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)

၀၉-၇၈၈၉၁၂၄၀၂

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 88 guests and no members online

Latest Updates