ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀)ကျင်းပ

တောင်ကြီး  ဇွန်

116

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀)ကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ၊ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှပေးပို့လာသော မြေယာကိစ္စတိုင်ကြားစာပေါင်း (၆၉၃)မှုမှ (၄၁၇)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး စိစစ်ဆဲအမှု (၁၆၂)မှုကျန်ရှိပါကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး၊ ပြည်နယ်သို့တိုက်ရိုက်တိုင်ကြားစာပေါင်း (၆၃၄)မှုရှိပြီး (၄၁၆)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်းမှာ ၆၆ ရာခိုင်နှုန်းဖြစ်ပြီး စိစစ်ရန်ကျန်ရှိသည့် ဗဟိုအမှု(၁၆၂)မှု၊ ပြည်နယ်အမှု (၂၁၈)မှု စုစုပေါင်း(၃၈၀)မှုအားလုံးကို ၂၀၂၀ပြည့်နှစ် ဇွန်လအကုန်တွင် ၉၀ရာခိုင်နှုန်းကျော်ပြီးပြတ်ရေး ဗဟိုကော်မတီမှနှိုးဆော်လျက်ရှိပြီး၊ ခရိုင်မြေ/စစ်ကော်မတီများအနေဖြင့် ဇွန်လကုန်ပြီးပြတ်အောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ် (၅၂) ချက်၊ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင် အလေးထားစိစစ်ဖြေရှင်းဆောင်ရွက်ရန် ဆောင်ရွက်မည့်အစီအမံများကို ယနေ့ အစည်းအဝေးတွင်တင်ပြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုပေါင်း (၁၆၁)မှု၊ မြေဧရိယာစုစုပေါင်း (၃၁၃၉၆.၄၇၈)ဧကရှိပြီး၊ မြေဧရိယာ(၃၀၃၁၆.၇၆၆)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ကျန်မြေဧရိယာ(၁၀၇၉.၇၀၈)ဧကဖြစ်၍ ကျန်မြေများကို ဇွန်လကုန်အပြီး သက်ဆိုင်ရာသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ရှမ်းမြေ/စစ်ကော်မတီလုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး အမှုတစ်မှုခြင်းအလိုက်တက်ရောက်လာသည့် ပြည်နယ်မြေ/စစ်ကော်မတီဝင်များနှင့် ခရိုင် မြေ/စစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက တင်ပြဆွေးနွေးခဲ့ကာ မြေ/စစ်ဗဟိုကော်မတီမှ ပေးပို့လာသော အမှုတွဲ များနှင့် ပြည်နယ်တိုက်ရိုက်တိုင်ကြားစာ အမှုများအနက်စိစစ်ရန်ကျန်ရှိသည့် အမှုတွဲများအားအမြန်ပြီးပြတ်နိုင်ရေး ဆောင်ရွက်မည့် အစီအမံ၊ စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်မည့် အစီအမံ၊ လျော်ကြေး၊ နစ်နာကြေးပေးရန်ကျန်အမှုတွဲများအပေါ်ဆောင်ရွက်မည့်အစီအမံများအား သက်ဆိုင်ရာ ခရိုင်မြေ/စစ် ကော်မတီများမှ ခရိုင်တစ်ခုချင်းအလိုက် တင်ပြဆွေးနွေးကြပြီး မြေအမျိုးအစားများအလိုက် လျော်ကြေးနှုန်းထားများ တွက်ချက် တင်ပြထားမှုအပေါ် သက်ဆိုင်ရာ ခရိုင်မြေ/စစ်ကော်မတီ ဥက္ကဋ္ဌများမှ တင်ပြဆွေးနွေး၍ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ၊ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)

09788912402

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 87 guests and no members online

Latest Updates