ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း

 

တောင်ကြီး ဇွန်    -      ၁၁

118

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အလှူငွေများလှူဒါန်းခြင်းကို ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် Alliance for Microfinance in Myanmar  Ltd မှ ငွေကျပ် သိန်း(၂၀) ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

 

 ခရိုင်(ပြန်/ဆက်)

၀၉၂၅၀၁၃၂၉၄၃