ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးဖြန်းမော်တော်ယာဉ် လာရောက်လှူဒါန်း

တောင်ကြီး      ဇွန်  −   ၁၅

119

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများ လှူဒါန်းခြင်းကို ဇွန်လ ၁၅ ရက် နေ့လယ် ၁၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ ရုံးရှေ့ ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲတွင် ပန်းဆေးပြည်သူ့စစ်ဌာနေအဖွဲ့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Mask ( ၁၀၀၀ )ခု၊ PPE ကာကွယ်ရေးဝတ်စုံ (၁၀၀)စုံ၊ ဆရာဝန်သုံး ကာကွယ်ရေးမျက်မှန် (၁၀၀)လက်၊ ပိုးသတ်ဆေးရည် (၅)ဂါလံပုံး (၂၀)ပုံး၊ မီးသတ်ရေသယ်ဆေးဖြန်းမော်တော်ယာဉ်အမျိုးအစား Forland (၁)စီး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများမှ လက်ခံရယူ၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ COVID-19 ကာကွယ်ရေးအတွက် ဆေးဖြန်းအသုံးပြုနိုင်ရန် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ မော်တော်ယာဉ် (၁)စီးနှင့် ပိုးသတ်ဆေးရည် (၂၀)ပုံးကို ပြန်လည်ပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မင်းက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 159 guests and no members online

Latest Updates