ရှမ်းပြည်နယ်သတင်းများ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်(၇၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ညောင်ရွှေ ဇွန်-၁၉

120

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်(၇၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက် ပွဲတော်ကိုဇွန်(၁၉)ရက်နံနက်(၉)နာရီခွဲကညောင်ရွှေမြို့နယ်၊ လံတောင် ကျေးရွာအုပ်စု၊ ထီရီးကျေးရွာလမ်းဘေးဝဲယာတွင် ကျင်းပသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နေ့တွင် ဗိုလ်မှူး အောင်လွင်ဦးစီးသောအဖွဲ့(၇)ဦးသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လေယာဥ်ကွင်းမှ ရဟတ်ယာဥ်ဖြင့် ညောင်ရွှေမြို့ရှိ ဟိုတယ်ဇုန်မော်တော်ယာဥ်ဆိုက်တွင် အင်းလေးကန်အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းရှိ တောင်တန်းများပေါ်တွင် ရဟတ်ယာဥ်ဖြင့် သစ်စေ့မြေလုံးများကြဲချစိုက်ပျိုးပေးနိုင် ရန်မယ်ဇလီ၊ ဘောစကိုင်း၊ ယမနေ၊ ထင်းရှုး၊ မန်ဂျန်ရှား၊ ရေသင်းဝင်၊ ငုစပ်၊ ကုက္ကိုလ်၊ ယူကလစ်၊ ပျဥ်းမ၊ ယင်းမာ၊ ချယ်ရီ၊ ဇီး၊ သစ်စေ့မြေလုံးအိတ်အရေ အတွက်(၃)သိန်းတို့ကို လာရောက်သယ်ယူရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူ များတိူ့မှကြည့်ရှု၍မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်တာဝန်ရှိ သူတို့သည်ညောင်ရွှေမြို့နယ်၊ လံတောင်ကျေးရွာအုပ်စု၊ ထီရီးကျေးရွာလမ်းဘေးဝဲယာတွင်ကုက္ကိုလ်၊ မဟော်ဂနီ၊ ခါတော်မှီပင်တို့ကိုစိုက်ပျိုးပေးကြကြောင်း သိရသည်။

 နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နေ့တွင်ညောင်ရွှေ မြို့နယ်၊ လံတောင်ကျေးရွာအုပ်စု၊ ထီရီးကျေးရွာလမ်းဘေးဝဲယာ မှစ၍ လမ်းတစ်လျှောက်နှင့်ဖယ်ခုံ နယ်စပ်အထိ ကုက္ကိုလ်၊ မဟော်ဂနီ၊ ခါတော်မှီအပင်စုစုပေါင်း(၂၀၀၀)စိုက် ပျိုးပေးကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 108 guests and no members online