ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

တောင်ကြီး       ဇွန်  ၂၆

122

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၆)ရက်၊ မွန်းလွဲ (၂)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင် လာသည်မှာ ဒုတိယသက်တမ်းကာလတွင် နောက်ဆုံးအကြိမ်ရောက်ရှိလာပြီဖြစ်၍ ယနေ့တက်ရောက် လာသည့် ဝန်ထမ်းများမှ တက်ညီလက်ညီ၊ အောင်အောင်မြင်မြင်ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင် ကြောင်းကို ယနေ့အခမ်းအနားတွင် ပြောခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း နိုင်ငံတော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလိုထောက်ပံ့ပေးသည့်အတွက် ဝမ်းသာ ပါကြောင်း၊ ဝန်ထမ်းများကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် မိမိတို့အစိုးရအဖွဲ့သာမက နောင်လာမည့် အစိုးရအဖွဲ့များ တာဝန်ဆက်လက်ဆောင်ရွက်သည့် အချိန်များတွင်လည်း အစိုးရအဖွဲ့၏ အားထားရသော အဓိကမဏ္ဍိုင်ကြီးသဖွယ်၊ ယန္တရားကြီးသဖွယ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားကြရန် ပြောကြားသွား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း (၁၇၄) ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 107 guests and no members online