ရှမ်းပြည်နယ်သတင်းများ

COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇွန် -၂၉

123

ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်း ကျေးရွာများအား COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၌ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန်(ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနှင့် ကလောမြို့နယ်တွင် လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်းကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေ အထောက်အပံ့ဖြင့် ရပ်စောက်မြို့နယ် မြေနီကုန်းကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနက ပူးပေါင်းကူညီအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အတွင်း စုစုပေါင်းကျေးရွာ (၁၁)ရွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ကျေးရွာများ၏စံပြဖြစ်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများအား COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ဖြစ်သည့် လက်ဆေးဘေစင်နှင့် ဆပ်ပြာ(၂၅)စုံ၊ Maskအခုရေ(၄၇၀၀)၊  Infrared Thermometer (၁၄)ခုတို့ကိုထောက်ပံ့ပေးအပ်မှာဖြစ်ပြီး၊ COVID-19 အန္တရာယ်မှကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြရန်ပြောကြားသွားသည်။

ဆက်လက်၍ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများကို စီမံကိန်းကျေးရွာ(၁၁)ရွာနှင့် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး များသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်းဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူး၊ ဒုပြည်နယ်မှူးနှင့် ခရိုင်ဦးစီးမှူးတို့မှ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူပြီး စီမံကိန်းကျေးရွာများကိုယ်စား ကလောမြို့နယ်တွင် ဥဿကံကျေးရွာနေ ဦးအောင်နိုင်မိုးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 108 guests and no members online