COVID-19 ရောဂါကာကွယ်ရေးနှင့်ပညာပေးရေးအထောက် အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်း(မြောက်) ဇွန် - ၂၉

124

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များရှိ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် ပြင်ဆင်ထားရှိမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်တာဝန်ရှိသူတို့သည် ဇွန်လ ၂၇  ရက်နှင့် ၂၈ ရက်နေ့များတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

 ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး နှင့်တာဝန်ရှိသူတို့သည် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များရှိ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သော Mask ၊ Hand Gelနှင့်ပညာပေးရေးအထောက် အကူပြုပစ္စည်းများဖြစ်သော Hand Speaker ၊ COVID-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး Audio File များပါဝင်သော Memory Stick တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိ ဆရာ/ဆရာမများက လက်ခံရခဲ့ကြောင်းသိရသည်။

အဖရ(ရှမ်း)