ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း သစ်ပင်စိုက်ပျိုး

တောင်ကြီး    ဇူလိုင်     -    ၁ 

127

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဗုဒ္ဓတက္ကသိုလ် အောက်စဖို့ဒ်ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ၏ လမ်းညွှန်မှု နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၄)ရက်နေ့တွင် ကျရောက်မည့် ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့အကြိုကို ဇွန်(၃၀) ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးပေးကြကြောင်း သိရ သည်။ 

သစ်ပင်စိုက်ပျိုးပေးမှုတွင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ဆရာတော် ဦးနန္ဒိယ( ပင်လုံ )၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ပြည်နယ်သစ်တောဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း(၁)၊ ခရိုင်/မြို့နယ်ဝန်ထမ်းများက ဗုဒ္ဓတက္ကသိုလ်ပရဝုဏ်အတွင်း လမ်းတစ်လျှောက် တွင် ထင်းရှူးပင်၊ ချယ်ရီပင်များ စိုက်ပျိုးပေးကြသည်။

 အဆိုပါဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း သစ်ပင်စိုက်ပျိုးပေးမှုတွင် သစ်ပင်များ ရှင်သန်ပေါက်ရောက်ရန်အတွက် ခက်ခဲ သော ကျောက်သားမြေပေါ်တွင် စက်၊ယန္တရားများ အကူအညီဖြင့် (၃)ပေပတ်လည် (၃)ပေအနက် မြေကျင်းများ တူးဖော်ပြီး မြေစာထည့်စိုက်ပျိုးခဲ့ကြောင်းနှင့် ထင်းရှူးသစ်မျိုး(၂၅၀)ပင်နှင့် ချယ်ရီ(၂၅၀)ပင်၊ စုစုပေါင်း ပျိုးပင် (၅၀၀) စိုက်ပျိုးပေးကြ ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(ပြန်/ဆက်) 

09250132943