ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အားကစားကွင်း မီတာ(၄၀၀)ပြေးလမ်း ပြီးစီးမှုအခြေအနေများအား ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဇူလိုင် - ၂

129

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း မီတာ(၄၀၀)ပြေးလမ်း ပြီးစီးမှုအခြေအနေများအား ဇူလိုင် ၁ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြေးလမ်း ခင်းကျင်းနေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးရာ Reva Co.,Ltd မှ တာဝန်ခံ ဦးကျော်ဇင်ထက်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မီတာ(၄၀၀)ပြေးလမ်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေကျပ် (၇၄၅)သန်းနှင့် Reva Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်လျက်ရှိရာ Covid-19 ကပ်ရောဂါကြောင့် အလုပ်များ ရပ်တန့်ထားရသဖြင့် ယခုအချိန်တွင် လုပ်ငန်း (၉၅%) ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 126 guests and no members online