ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ကုန်တင်ကုန်ချလုပ်သားများနှင့် အနှေးယာဉ်အလုပ်သမားများ၊ လက်တွန်းလှည်းလုပ်သားများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇူလိုင် - ၃

130

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ အေးသာယာမြို့၊ ရွှေတောင်တန်းပရဟိတ ဂေဟာ၊ ရွှေညောင်ဘူတာရှိ ကုန်တင်ကုန်ချအလုပ်သမားများ၊ ညောင်ရွှေမြို့ရှိ အနှေးယာဉ်အလုပ်သမားများ၊ လက်တွန်း လှည်းအလုပ်သမားများ၊ အခြေခံပြည်သူများအား ဇူလိုင် ၃ ရက် နံနက်ပိုင်းက သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်း၊အမှုထမ်းများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က အေးသာယာမြို့ရှိ ရွှေတောင်တန်းပရဟိတဂေဟာ၌ ကျောင်းထိုင် ဆရာတော်အား ကန်တော့၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ဆက်ကပ်လှူဒါန်း၍ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးတို့အား စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ပြီး ကမ္ဘောဇဘဏ် နာယကမှ အဆိုပါကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း (၃၀၀) လှူဒါန်းပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ် နာယက၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွှေညောင်မြို့ရှိ ရွှေညောင်ဘူတာ၌ အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေကျပ် (၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ညောင်ရွှေမြို့ရှိ အနှေးယာဉ်အလုပ်သမားများ၊ လက်တွန်းလှည်းအလုပ်သမားများ၊ အင်းလေးလေဆိပ်ရှိ စက်လှေဆရာများနှင့် အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ် များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေကျပ် (၁၀၀၀၀)စီတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ညောင်ရွှေမြို့၊ မေတ္တာမွန် ပရဟိတဂေဟာသို့ သွားရောက်ပြီး ရှမ်း၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကယား တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ပြီး ကမ္ဘောဇဘဏ် နာယကမှ ငွေကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာသနာ့ရောင်ခြည် ပရဟိတကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီ ပေးအပ်လှူဒါန်းကာ ကျောင်းထိုင်ဆရာတော်အား ကန်တော့၍ ကမ္ဘောဇဘဏ် နာယကမှ ငွေကျပ်  သိန်း (၁၀၀) လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 146 guests and no members online