ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ(၁/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင် - ၁၀

140

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ(၁/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှု ကော်မတီသို့ အတည်ပြုလျောက်ထားလွှာအဖြစ် တင်ပြလာသောလုပ်ငန်း ၃ ခုအား ဆွေးနွေးတင်ပြပြီး ရာနှုန်းပြည့်မြန်မာ နိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် Aramaw (Nyaung Shwe)Co.,Ltd တည်ထောင်၍ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့် ပြုပါရန် အတည်ပြုလျောက်ထားလွှာတင်ပြခြင်း၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် Hi Avocado MTD Co.,Ltd တည်ထောင် ၍ ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျောက်ထားလွှာ တင်ပြခြင်း၊ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် Unique Lawksawk Mango Public Co.,Ltd တည်ထောင်၍ သရက်သီး သန့်စင် ထုတ်ပိုးခြင်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျောက်ထားလွှာတင်ပြခြင်းကိစ္စတို့အား လုပ်ငန်းရှင်အသီးသီးမှ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ရှမ်းပြည်နယ်ရင်နှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ပါဝင်ဆွေးနွေး၍ ရှမ်းပြည်နယ်ရင်နှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များမှ အတည်ပြုလျောက်လွှာတင်ပြလာသော လုပ်ငန်း ၃ ခုတို့အား ဆွေးနွေးဆုံးဖြတ်ကြကာ ရှမ်းပြည်နယ် ရင်းနှီး မြုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီး အစရှိသည့် သီးနှံများ ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏစုစုပေါင်းမှာ မြန်မာကျပ်(၅၆၇၂.၉၉)သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၁၃)သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၂၀)ဦးအား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉၂၃၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 115 guests and no members online

Latest Updates