ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံ

တောင်ကြီး ဇူလိုင် - ၁၅

141

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်၏ Call ခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)အဖွဲ့ Maxime Zabaloueff မှ မြန်မာနိုင်ငံ ကို ရောက်ရှိတာ မကြာသေးကြောင်း၊ လားရှိုးတာဝန်ခံတစ်ယောက် ဖြစ်ပါကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို လာရောက်မိတ်ဆက်ရခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် မတွေ့ခင်မှာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့် စတင်တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့လုပ်ငန်းများကိုလည်း အကြံဉာဏ်ပေးပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အကြံဉာဏ် တောင်းခံ ပါကြောင်း၊ ရှမ်းပြည်နယ်တွင် တာဝန်ကျသည့်အပိုင်းကို ဆောင်ရွက်ရပြီး ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရတာ ဝမ်းသာပါကြောင်း၊ ICRC ရုံးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ မြောက်ပိုင်း)တွင် ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မရှိသေးကြောင်း၊ Covid-19 ရောဂါကြောင့် ICRC အဖွဲ့အနေဖြင့် အခက်အခဲ ရှိခဲ့ပါကြောင်း၊  Covid-19 နှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေမှုများလည်း ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း Covid-19 နှင့်ပတ်သက်၍ အကူအညီ ပေးနေကြောင်း၊ ICRC အဖွဲ့သည် ပုံမှန်အားဖြင့် အရေးပေါ်ကာလတွင် တုံ့ပြန်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အရေးပေါ်နေရာများတွင် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးရမည်ကို သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းအဖွဲ့များသည်လည်း အလုပ်လုပ်လျက်ရှိပြီး ကြက်ခြေနီနှင့်ပူးပေါင်း၍ လိုအပ်သည့်နေရာများတွင် လုပ်ငန်းများ ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၌ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း မြို့ပေါ်ရှိ သတ်မှတ်ထားသည့်နေရာများမှလွဲ၍ မည်သည့်နေရာမှ မသွားရန် ပြောကြားထားပါကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Covid-19 ရောဂါကြောင့် ယခုလို ICRC အဖွဲ့နှင့် တွေ့ဆုံမှုနောက်ကျခဲ့သည့်အတွက် စိတ်မရှိပါရန်နှင့် ရှမ်းပြည်နယ်တွင် ဖွင့်လှစ်ထားသည့် ICRC နှင့် ပတ်သက်၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ရှင်းလင်းပြောကြားသွားမည်ဖြစ် ကြောင်း၊ သီးခြားအဖွဲ့များမှလည်း အကူအညီတောင်းပါက ICRC အဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးရန်၊ ICRC အဖွဲ့အနေ ဖြင့် ကျောက်မဲခရိုင်တွင် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ICRC နှင့် ခေတ်အဆက်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အကူအညီများလိုပါက ရှမ်းပြည်နယ်အစိုးရ အဖွဲ့အပြင် ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့လည်း ညွှန်ကြားထားပါကြောင်း ဆွေးနွေး ပြောကြားသွားပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 126 guests and no members online