ရှမ်းပြည်နယ်သတင်းများ

လားရှိုးတက္ကသိုလ်ပညာရိပ်သာပန္နက်တင်မင်္ဂလာကျင်းပ

လားရှိုး သြဂုတ်-၂၇

158

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား တင်ခြင်းကိုသြဂုတ်(၂၇)ရက်နံနက်(၉)နာရီ ခွဲကအဆိုပါနေရာ၌ကျင်းပကြောင်းသိရသည်။

မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကကျသည့်ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြှင့်မားပြီး အဆင်ပြေချော့မွေစေရေးအတွက် လားရှိုးတက္ကသိုလ်၌ ပညာရိပ်သာအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းတွင် အဆင့်မြှင့်အိမ်ရာ အိပ်ခန်း(၂)ခန်းပါ(၈၀၀စတုရန်းပေ) ကျယ်ဝန်းပြီးလူနေအမ်ခန်းပေါင်း(၃၂)ခန်းကို ဆောက်လုပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌လားရှိုးတက္ကသိုလ်၊ လားရှိုး နည်းပညာတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်နှင့် လားရှိုးပညာကောလိပ်တို့တွင် အိမ်ခန်းပေါင်း (၃၂)ခန်းစီကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြီးကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာနကလုပ်ငန်းအပ်နှံသူ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှလုပ်ငန်းကြီးကြပ်စီမံခန့်ခွဲသူ၊ Myanmar Imperial Vega Company Limited ကလုပ်ငန်း လက်ခံသူအနေဖြင့်ဆောက်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍မင်္ဂလာအချိန်ကျရောက်သောအခါ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီးပန္နက်တိုင်များ(၉)ချက်စီရိုက်ပေးပြီးအမွှေးနံသာရည်များပက်ဖြန်းပေးကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လားရှိုးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပညာရိပ်သာတည်ဆောက်ရေးနှင့်ပတ်သက်၍ MIvကုမ္ပဏီဥက္ကဋ္ဌဦးမောင်ဝိတ်မှ ရှင်းလင်းတင်ပြမှုကိုကြည့်ရှု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက လားရှိုးတက္ကသိုလ်ပညာရိပ်သာနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ လားရှိုးတက္ကသိုလ်ဝင်းအတွင်း တည်ဆောက် နေသော(၃)ထပ်အဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132843

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 120 guests and no members online

Latest Updates