ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်ယ်(မြောက်ပိုင်း)ရှိမသန်စွမ်းသူများအားထောက်ပံ့ငွေပေးအပ်

လားရှိုး သြဂုတ်   - ၂၇

159

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမ၌သြဂုတ်(၂၇)ရက် မွန်းလွဲ(၂)က မသန်စွမ်း ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူနှင့် အကြားအာရုံမသန်စွမ်းသူ စုစုပေါင်း (၈၅၀၂)ဦး ရှိပါကြောင်း၊ လားရှိုးမြို့ပေါ်ရှိမသန်စွမ်းသူများကို တစ်ဦးလျှင်ထောက်ပံ့ပစ္စည်း(၅)မျိုး တန်ဖိုး (ကျပ်တစ်သောင်းခုနှစ်ထောင်)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။ 

ထို့နောက် လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းပြည်သူ(၅)ဦး၊ ညာဏ်ရည်မသန်စွမ်းပြည်သူ (၅)ဦး၊ အမြင်အာရုံမသန်စွမ်းပြည်သူ(၅)ဦး၊ အကြားအာရုံမသန်စွမ်းပြည်သူ(၅)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လားရှိုးမြို့ပြည်သူ့ ဆေးရုံသို့သွားရောက်ကာ ဆေးရုံတက်ရောက် ကုသနေသောလူနာများအား လှည့်လည်ကြည့်ရှု၍ ကြက်ခြေနီတပ်ဖွဲ့နှင့်လားရှိုးဆေးရုံရှိ ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေကျပ် သိန်း(၂၀)စီကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတို့မှမှ လက်ခံရယူ ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 85 guests and no members online

Latest Updates