ရှမ်းပြည်နယ်သတင်းများ

Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေကျပ်(11621.25)သိန်း ထောက်ပံ့ပေးအပ်

တောင်ကြီး ဩဂုတ် - ၃၁

161

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေကျပ် (11621.25) သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် 31 ရက် ညနေ 3 နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ 2020 ပြည့်နှစ်၊ ဩဂုတ်လအတွင်း CERP(Covid-19 Economic Relief Plan) Covid-19 စီးပွားရေးကုစားမှုအစီအစဉ် အရ ထပ်တိုးထောက်ပံ့ကြေးငွေ ပေးအပ်သွားမည့်ကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသူများအားလုံးနှင့် တွေ့ဆုံရှင်းလင်း တင်ပြခွင့် ရရှိသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယခင် 2018-2019 ဘဏ္ဍာ‌ရေးနှစ်၊ Mini Budget တွင် ငွေကျပ်(1291.5)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု 2019-2020 တွင်လည်း Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ငွေကျပ်(3397.5)သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကျပ်သိန်းပေါင်း (2106)သိန်း ပိုမိုထောက်ပံ့ပေး နိုင်မည့်အပြင် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (46)ခုအတွက် ငွေ ကျပ်(573.75)သိန်း၊ အသက်(85)နှစ်အထက် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (10509)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (30000)နှုန်းဖြင့် ငွေကျပ်(3152.7)သိန်း၊ အသက်(80-85)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (14476)ဦးအတွက် တစ်ဦး လျှင် ငွေကျပ်(30000)နှုန်းဖြင့် ငွေကျပ်(4342.8)သိန်းနှင့် Covid-19 ကာလအတွင်း Quarantine Center များရှိ ထိခိုက် လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်သည် (29)ဦး၊ မသန်စွမ်း (7)ဦး၊ (5)နှစ်အောက် ကလေး (178)ဦး၊ ဘိုး/ဘွား (39) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(30000)နှုန်းဖြင့် စုစုပေါင်း (515)ဦးအတွက် ငွေကျပ်(154.5)သိန်းဖြစ်သည့်အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေ စုစုပေါင်းကျပ်(11621.25)သိန်း ပိုမိုပြီး တိုးမြှင့်ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ပြီး လူမှု ဝန်ထမ်းဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်ထံသို့ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ထပ်တိုးထောက်ပံ့ငွေကျပ် (11621.25) သိန်း ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ထပ်တိုးထောက်ပံ့ပေးမည့် မသန်စွမ်းသူ စုစုပေါင်း (11325)ဦးအတွက် တစ်ဦး လျှင် ငွေကျပ်(30000)နှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(3397.5)သိန်း၊ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း(46)ခုအတွက် ငွေကျပ်(573.75)သိန်း၊ အသက်(85)နှစ်အထက် ဘိုး/ဘွားများ လူမှုရေးပင်စင်(10509)ဦးအတွက် တစ်ဦးလျှင် (30000)နှုန်းဖြင့် ငွေကျပ်(3152.7)သိန်း၊ အသက်(80-85)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (14476)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(30000)နှုန်းဖြင့် ငွေကျပ်(4342.8)သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က တောင်ကြီးမြို့ပေါ်ရပ်ကွက် (22)ရပ်ကွက်မှ တက်ရောက်လာသော မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကာ မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 86 guests and no members online

Latest Updates