ရှမ်းပြည်နယ်သတင်းများ

ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ Covid-19 ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်း

တောင်ကြီး       စက်တင်ဘာ     -  ၇

164

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် Covid-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ အတွက် ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090)တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်း (6)မျိုး ထပ်မံပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာ 7 ရက် နံနက် 9 နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီရုံးခန်း၌ ကျင်းပသည်။

Covid-19 ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က Covid-19 ရောဂါ ကူးစက်မြန် ကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက် ရှိသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း၊ Covid-19 ရောဂါမဖြစ်ပွားမီ အချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားအတွက် Covid-19 ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ်သိန်း(59542)ထိ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု Covid-19 ရောဂါ ကူးစက်မြန်ဆန် လာသည့်ကာလတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (7)မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ‌ရွေ့လျားကိုယ်ပူချိန်တိုင်းတာစက် (6)လုံး၊ စုစုပေါင်း ကျပ်သိန်း(2400)ကို လှူဒါန်းခဲ့ပါ ကြောင်း၊ ယနေ့ ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (6)မျိုး၊ တန်ဖိုးကျပ်သိန်း(2090) အပါ အဝင် စုစုပေါင်း လှူဒါန်းမှုငွေကျပ်(63732)သိန်း ရှိပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းက Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့မှ လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကျေးဇူးတင်စကား ပြောကြားရာ Covid ကာလတွင် ကမ္ဘောဇဘဏ်၏ လှူဒါန်း မှုသည် များပြားလွန်းတာကြောင့် Covid ပထမ အခြေအနေနှင့် ယခုကာလအခြေအနေ အပိုင်းခွဲခြားပြီး တင်ပြလိုကြောင်း၊ ကမ္ဘောဇဘဏ်က Covid-19 ရောဂါ မြန်မာနိုင်ငံတွင် မဖြစ်ပွားမီကာလက စတင်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)(မြောက်ပိုင်း)နှင့် (တောင်ပိုင်း)ဒေသရှိ တိုင်းရင်းသားပြည်သူ များအပါအဝင် အခြားတိုင်း‌ဒေသကြီးနှင့်ပြည်နယ်များတွင် စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေများ စဉ်ဆက်မပြတ် လှူဒါန်း ခဲ့ရာ ပထမပိုင်းတွင် ငွေကျပ်(59542)သိန်း လှူဒါန်းခဲ့ကြောင်း၊ အထူးသဖြင့် ပအိုဝ်း၊ တောင်ရိုး၊ ဓနုဒေသများရှိ ဂေါ်ဖီထုပ် စိုက်တောင်သူများအတွက် ရောင်းရမည့်အချိန်တွင် မရောင်းချနိုင်ခဲ့သော ပျက်စီးရမည့် ဂေါ်ဖီထုပ်ပေါင်း (7)သိန်းကျော်ကို အချိန်မီ ဝယ်ယူခဲ့ပြီး (10)ဘီး၊ (12)ဘီးယာဉ် (120)ကျော်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုလို လှူဒါန်းနိုင်ခဲ့သည့်အတွက် ဂေါ်ဖီထုပ်စိုက် တောင်သူများ၏ စီးပွား‌ရေးကို ကူညီ ကယ်တင်နိုင်ခဲ့သည့်အပြင် ကားလုပ်ငန်းလုပ်ကိုင်သူ ကားဆရာအပါအဝင် ကားသမားများအတွက်လည်း အဆင်ပြေခဲ့ပါ ကြောင်း၊ စားနပ်ရိက္ခာလိုအပ်နေသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ အကျဉ်းစခန်းများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့သောကြောင့် ဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါကြောင်း၊ ယခုလက်ရှိကာလတွင် ရခိုင်ပြည်နယ်မှ စတင်ခဲ့ရာ ပြည်နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်အစိုးရထံသို့ ငွေကျပ်သိန်း(300)နှင့် Covid-19 ရောဂါကာကွယ်ရေးပစ္စည်း (7)မျိုးကို စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(900)ခန့် အမြန်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွက်လည်း ရွေ့လျားကိုယ်အပူချိန်တိုင်းစက် (6)လုံး၊ စုစုပေါင်း တန်ဖိုးကျပ်သိန်း(1200)ကို လှူဒါန်းခဲ့ကြောင်း၊ ပထမအခြေအနေနှင့် ယခုအခြေအနေမှ လှူဒါန်းမှု နှစ်ခုလုံး ပေါင်းပါက ငွေကျပ်(61642)သိန်းအထိ ရှိနေပြီဖြစ်ကြောင်း၊ ယနေ့လက်ရှိကာလတွင် Covid-19 ရောဂါပြင်းထန်နေချိန်၌ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် ရှိသော Covid-19 လူနာ များနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ယနေ့ထပ်မံ လှူဒါန်းသည့် ငွေကျပ်သိန်းပေါင်း (2090)ကို ထည့်သွင်းတွက်ချက်ပါက ငွေကျပ်(63732)သိန်း ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် လိုအပ်နေသည့်အရာများကို ချက်ချင်းလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သွားသည်။

ကမ္ဘောဇဘဏ်မှ ယနေ့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090) တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်းရာတွင် ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဆေးရုံသုံး Mask(10)သိန်း၊ ခေါင်းစွပ်(1)သိန်း၊ လက်အိတ်(1)သိန်း၊ မျက်နှာကာ Face Shield (5)သောင်း၊ Hand Gel ဗူးကြီး (5000)နှင့် PPE ဝတ်စုံ (1000)တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက် ရှိရာ ယနေ့အထိ ငွေကျပ် (166)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် လီမိတက် နာယက ဦးအောင်ကိုဝင်း၊ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်၊ အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 105 guests and no members online

Latest Updates