ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးမိတ်မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ထောက်ပံ့ငွေ ပေးအပ်

မိုးမိတ်          စက်တင်ဘာ   -   ၁၁

168

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ ခြင်းကို စက်တင်ဘာ(၁၀)ရက် ညနေ(၃)နာရီက မိုးမိတ်ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မြမြက လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်း၊ ခရိုင် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေကျပ်(၁၀)သိန်းစီကို မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ် Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးမိတ်မြို့ဌာနပေါင်းစုံ စုပေါင်းဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၊ (၄)ထပ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းဝန်ထမ်းအိမ်ရာသည် သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ကာ အိပ်ခန်း(၂)ခန်းပါ အခန်းပေါင်း(၁၆)ခန်း ပါရှိပြီး စီမံကိန်းတန်ဖိုးမှာ (၄)ခန်းတွဲ (၄)ထပ် (၁)လုံးအတွက် ငွေကျပ်(၃၈၀.၀၀)သန်းနှင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 91 guests and no members online

Latest Updates