ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မဘိမ်းမြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်

မဘိမ်း စက်တင်ဘာ  -  ၁၁

169

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် RC နှစ်ထပ်ခွဲ ကျောင်းဆောင်အား စက်တင်ဘာ(၁၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုရာ မဘိမ်းမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ လိုက်လံရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းကို မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်အောင်က လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်မဲစာရင်းနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်မင်းစိန်၊ မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေ ကျပ် (၁၀)သိန်းစီကို မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ် ၍လည်းကောင်း၊ မဘိမ်းမြို့နယ် လဝါ ကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ RC နှစ်ထပ် ကျောင်းခွဲ ပြန်လည်ဆောက်လုပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၁၀၀၀)၊ ကမ္ဘောဇဘဏ်လီမီတက်မှ အလှူငွေ ကျပ်သိန်း(၂၀၀)၊ FOREVER GROUP အလှူငွေ ကျပ်သိန်း(၁၀၀)တို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်တင်ကိုကိုတို့မှ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 98 guests and no members online

Latest Updates