ရှမ်းပြည်နယ်သတင်းများ

တရားမဝင် ရွှေသတ္တု တူးဖော်နေမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်

တောင်ကြီး             စက်တင်ဘာ    -   ၁၁

170

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး၏အထက် ရေမိုင် (၃၀)ခန့်အကွာ ချောင်းမကြီး(နမ့်ပဲ့ချောင်း)အတွင်း၌ စက်ယန္တရားကြီးများဖြင့် တရားမဝင် ‌ရွှေသတ္တု တူးဖော် နေမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချောင်းမကြီး( နမ့်ပဲ့ချောင်း )အတွင်း စက်ယန္တရားကြီးများဖြင့် ‌ရွှေသတ္တု တူးဖော်နေမှုကြောင့် နုန်းနှင့် အနည်အနှစ်များ များစွာပါဝင်သည့် ရေနီများ ဆည်တော်ကြီးဆည်အတွင်း အဆက်မပြတ် စီးဝင်လျက်ရှိသည့်အတွက် ဆည်၏ ကြမ်းပြင် မြင့်တက်ကာ ဆည်၏ ခံနိုင်အား စိုးရိမ်စရာ ဖြစ်နေခြင်း၊ ရေသိုလှောင်မှု ကျဆင်းစေနိုင်ခြင်း၊ ဆည်အောက်နေ ပြည်သူများနှင့် ဆည်ရေသောက်သူများ၏ လူမှုဘဝများစွာကို ထိခိုက်စေနိုင်သည့်အတွက် ရွှေသတ္တုတူးဖော်ခြင်းများအား အရေးယူဆောင်ရွက်နိုင်ရေး အတွက် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ မန္တလေးတိုင်း‌ဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်း‌ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်ဇာနည်လွင်မှ အစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 78 guests and no members online

Latest Updates