ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်၊နောင်ချိုမြို့နယ်Covid-19 ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ

နောင်ချို စက်တင်ဘာ-၂၁

172

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်း၊ ညွန်ကြားရေးမှူးဦးထင်ကျော်အေး  တို့နှင့်အတူစက်တင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင် ၊နောင်ချိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်COVID-19ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံကြောင်းသိရသည်။ 

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးမှ မဲရုံကိစ္စရပ်များ၊ မြို့နယ်လုံခြုံရေး၊ လူလုံခြုံရေး၊ လမ်းလုံခြုံရေးနှင့်စည်းရုံး ရေးကာလဖြစ်သောကြောင့်လုံ ခြုံရေး ကိစ္စရပ်များကိုဆောင်ရွက်ထားမှု အခြေအနေများရှင်းလင်းပြီး မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းမှ နောင်ချိုမြို့နယ်အတွင်း Covid-19ရောဂါကာကွယ်ထိန်းချုပ်မှုနှင့်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြကြကြောင်းသိရသည်။ 

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့မှမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သည့်mask(၂၅၀၀)ခုတို့ကိုပေးအပ်ရာမြို့နယ်covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းကလက်ခံရယူပြီးရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားရာCovid-19 ရောဂါသည် ကမ္ဘာနဲ့အဝန်းဖြစ်ပွားနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ covid-19ရောဂါထိန်းချုပ်မှုနှင့်ပက်သတ်၍ မြို့နယ် covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ရှင်းပြသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ချိုမြို့နယ်အတွင်း covid-19ရောဂါကာကွယ်ရေးအတွက် အားလုံးကဝိုင်းဝန်းထိန်းသိမ်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ဆောင်ရွက်ကြရန် ပြောကြားသွားကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online

Latest Updates